ပါးချိုင့်မင်းသမီးချော အေးမြတ်သူကတော့ V – Day မှာ surprise လုပ်ခံရလို့ အပျော်ကြီးပျော်နေခဲ့ပါတယ်။ အေးမြတ်သူက လတ်တလောမှာ သူမရဲ့အချစ်ရေးအကြောင်း တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် သူမရဲ့ လူမှုကွန်ရက်ပေါ်မှာတော့ သူမရဲ့ချစ်သူပုံတွေကို တင်လေ့ရှိပါတယ်။သူမရဲ့ချစ်သူပုံကို တင်တဲ့အခါမှာတော့ မျက်နှာ ဖုံးထားတတ်ပြီး ပရိသတ်တွေကလည်း အေးမြတ်သူရဲ့ချစ်သူ ဘယ်သူဆိုတာကို စိတ်ဝင်စားနေခဲ့ကြပါတယ်။

အခုချိန်ထိ အချစ်အကြောင်းတွေပြောလေ့မရှိတဲ့သူမမှာ သက်ဆိုင်သူရှိနေပြီဆိုတာကို သူမတင်တဲ့ဓာတ်ပုံတွေ ၊ စာတွေက သက်သေပြလို့နေပါတယ်။ မနေ့က V-Day မှာလည်း အေးမြတ်သူကို တစ်စုံတစ်ယောက်က ပူဖောင်းတွေ၊ ပန်းစည်းတွေနဲ့ surprise လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါကိုလည်း သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ မျှဝေပေးထားတာတွေ့ရပါတယ်။

Surprise လုပ်ခံရလို့ပျော်နေတဲ့ သူမမျက်နှာကိုကြည့်လိုက်ရင်တော့ ဘယ်သူ surprise လုပ်လိုက်တာလဲ ဆိုတာ သိသာစေပါတယ်။ရိုးရှင်းတဲ့မျက်နှာနဲ့ အပြစ်ကင်းစင်တဲ့ သူမရဲ့အပြုံးကတော့ နတ်သက်ကြွေအောင်ပါပဲ။ သူမပျော်နေတဲ့ ပုံရိပ်တွေကိုကြည့်ရင်း ချစ်ပရိသတ်ကြီးတွေကလည်း ပီတိဖြာနေခဲ့ကြပါတယ်။

source : Aye Myat Thu