“ရွှေနန်းတော်” ရွှေဆိုင်ရဲ့ နေပြည်တော်ဆိုင်သစ်ဖွင့်ပွဲကိုတော့ အနုပညာရှင်တွေ အများကြီးနဲ့ ခမ်းခမ်းနားနား ဖွင့်လှစ်ကျင်းပခဲ့တာကို တွေ့ရပါတယ်။ ဆိုင်သစ်ဖွင့်တဲ့ (၁၂)ရက်မြောက်နေ့ ဖြစ်တဲ့ (၁၂.၁၁.၂၀၁၇)မှာတော့ သရုပ်ဆောင် အေးမြတ်သူ လာရောက်ခဲ့တာကို တွေ့ရပါတယ်။

အေးမြတ်သူကတော့ ပွဲကိုတက်ရောက်ရုံသက်သက်တင်မဟုတ်ဘဲ လက်ဝတ်ရတနာတွေကိုပါ ၀င်ရောက်ပြီး အားတက်သရော စိတ်ပါလက်ပါရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။ ရွှေနန်းတော်ကနေ Live လွှင့်ခဲ့ပြီး အဲ့ဒီ live ဗီဒီယိုကို အေးမြတ်သူက သူမရဲ့ fb ပေါ်မှာ ” အရောင်းစာရေးလိုရင် မမြတ်လေးကို သတိရပါရှင့်” ဆိုပြီး ပြန်ရှယ်ထားပါတယ်။

အဲဒီနေ့က အေးမြတ်သူဟာ စိမ်းပြာရောင်ဝတ်စုံလေးကို ၀တ်ဆင်ထားပါတယ်။ အဝေးကကြည့်ရင်တော့ လုံချည်လေးလို့ ထင်ရပေမယ့် တကယ်က dress လို့ သိရပါတယ်။ ဒီဇိုင်နာ ကိုလတ်ရဲ့ လက်ရာဖြစ်ပြီး အေးမြတ်သူနဲ့လည်း အရမ်းကို လိုက်ဖက်နေတာကို တွေ့ရမှာပါ။

from အေးမြတ်သူရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။