ပါးချိုင့်မင်းသမီးလေးလို့ နာမည်ကြီးပြီး အေးချမ်းတဲ့ အလှပိုင်ရှင် မင်းသမီးအေးမြတ်သူကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ အေးမြတ်သူရဲ့ ရိုးအေးတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေကလည်း အသဲခိုက်နေရတာပါ။ ရယ်လိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်လေးနဲ့ အ၀တ်အစား ၀တ်လိုက်တိုင်း လှနေတဲ့ ခန္ဓာကိုယ် သွယ်သွယ်လေးကို ပိုင်ဆိုင်ထားရသူတစ်ယောက်လည်းဖြစ်ပါတယ်။

အခုလက်ရှိမှာ အေးမြတ်သူက “လမ်းပေါ်ကမြွေဟောက်” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတယ်လို့သိရပါတယ်။ သူမဟာ ဒီဇာတ်ကားမှာဆိုရင် အရှက်ကို အသက်နဲ့လဲမယ့် မိန်းမတစ်ယောက်ရဲ့ဘ၀ကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင် ရိုက်ကွင်းပေါ်က ပုံရိပ်တွေကတော့ ပရိသတ်တွေကို စိတ်ဝင်စားစေပါတယ်။

အေးမြတ်သူက အနုပညာကို အသက်ဝင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်သလို အချစ်၊ အမုန်း ၊ အငို ၊ အဆွေးတွေမှာလည်း ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်ပါသေးတယ်။ အေးမြတ်သူရဲ့ ပရိသတ်တွေအတွက် “လမ်းပေါ်ကမြွေဟောက်” ရုပ်ရှင်ရိုက်ကွင်း ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source : Aye Myat Thu