အလှမယ်၊မင်းသမီးချော မိုးစက်ဝိုင်နဲ့ အွန်ဆိုင်းတို့ကတော့ အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေပါ။သူမတို့ နှစ်ယောက် ကို မကြာခဏဆိုသလို ပွဲတွေမှာ အတူတွဲတွေ့ရသလို အားကစားပွဲတွေကိုလည်း အတူတူ သွားရောက်အားပေး ခဲ့တာ ကို တွေ့ရပါတယ်။

မကြာသေးခင်ကလည်း အောင်လအန်ဆန်းရဲ့ ပွဲကို အတူတူ သွားရောက်အားပေးခဲ့ပါသေးတယ်။

အရမ်းကိုချစ်ကြတဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ကိုတော့ Ve Ve အချိုရည်ရဲ့ ဂုဏ်ပြုညစာ စားပွဲမှာ အတူတကွ တွေ့ခဲ့ရပါတယ်။

ဒီပွဲမှာတော့ မိုးစက်က သူမရဲ့ ၀တ်နေကျစတိုင်ဖြစ်တဲ့ လက်ရှည်၊ဂါဝန်ရှည်ကို ၀တ်ဆင်ပြီး ပွဲတက်ရောက် လာခဲ့ပါ တယ်။အွန်ဆိုင်းကတော့ အနက်ရောင်ဝတ်စုံ အလန်းလေးနဲ့ ၀တ်ဆင်ပြီး တက်ရောက်လာခဲ့တာပါ။ မိုးစက်နဲ့ အွန်ဆိုင်းတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပွဲတက်ဖက်ရှင်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

from အွန်ဆိုင်းနဲ့ မိုးစက်ဝိုင်ရဲ့ fb