ကချင်လူမျိုး စူပါမော်ဒယ်လေး (၂)ယောက်ဖြစ်တဲ့ အွန်ဆိုင်းနဲ့ J Naw တို့ဟာ  ရန်ကုန်မြို့ ကျိုက္ကစံကွင်းမှာ ပြုလုပ်တဲ့ ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ လူထုဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲကိုတော့ လူထုမစ္ဆားတရားပွဲတော်လို့ ခေါ်ပြီး အွန်ဆိုင်းနဲ့ J Naw တို့ကတော့ ပွဲမှာ တရားနာခဲ့ကြတဲ့ အကြောင်းကို သူတို့ရဲ့ fb ပေါ်မှာ တင်ထားပါတယ်။

အွန်ဆိုင်းကတော့…”ဘဝမှာ အပျော်ရွှင်ဆုံးနေ့တွေထဲက တစ်နေ့
အားလုံးအတွက်လည်း ဆုတွေတောင်းခဲ့ပေးတယ် Ps ပုံတင်ပြီးရင်အိပ်ပြီ နှစ်နာရီလောက်ဘဲအိပ်ရသေးတယ် Forever grateful for God’s grace! …” ဆိုပြီး ပြောထားပါတယ်။

မော်ဒယ် J Naw ကတော့ ပုပ်ရဟန်းမင်းကြီး Francis ရဲ့ တရားပွဲကို ဖခင်ဖြစ်သူနဲ့အတူ သွားခဲ့တာကိုလည်း တွေ့ရပါတယ်။

from အွန်ဆိုင်းနဲ့ J Naw

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။