နာမည်ကျော်မင်းသားချော အောင်ရဲလင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံအားပေးခြင်းခံနေရသူ တစ်ယောက်ပါ။မြန်မာမင်းသားထဲမှာဆိုရင်တော့ ရုပ်ရည်ရော၊Body ပါ အရမ်းမိုက်တဲ့ မင်းသားပါ။အားပေးတဲ့ ပရိ သတ်အများစုဟာ မိန်းကလေးပရိသတ်တွေပါ။အောင်ရဲလင်းကတော့ အခုနောက်ပိုင်းမှာ သူ့အချစ်ရေး နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်နေပါတယ်။

အောင်ရဲလင်းတစ်ယောက် နာမည်ကြီး Beauty Blogger နေခြည်ဦးနဲ့ လမ်းခွဲပြီးနောက်ပိုင်း နောက်ထပ် အချစ်ရေး သတင်းတစ်ခု ထွက်ပေါ်နေပါတယ်။ဒီအကြောင်းကိုတော့ အောင်ရဲလင်းဘက်က အတိအလင်းထုတ် ပြောတာတွေ မရှိသေးပါဘူး။ဒါပေမယ့် အောင်ရဲလင်းနဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ ကောင်မလေးရဲ့ Instagram မှာတော့ ပုံလေးတွေ မကြာခဏတင်ပြီး တင်သမျှ post တွေကိုလည်း အောင်ရဲလင်းက like ပေးထားတာကို တွေ့ရပါတယ်။

အခုလည်း သူမရဲ့ IG မှာ မတ်လ (၄)ရက်နေ့က ပုံအသစ် တင်ထားပါတယ်။တနင်္ဂနွေနေ့ ညက ရွှေတိဂုံဘုရားကို ဖူးမြော်ခဲ့ကြတဲ့ ပုံလေး တွေပါ။မျက်နှာကိုတော့ ဖုံးထားပေမယ့် လည်ပင်းမှာ ထိုးထားတဲ့ ကြယ်ပုံတက်တူးကတော့ ဒီလူ ဘယ်သူဆိုတာကို သိသာစေခဲ့တာပါ။ပုံရဲ့ caption မှာတော့ ..”#gooddeeds #sundaynight #A💞A… ” ဆိုပြီး ရေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ရွှေတိဂုံဘုရားကို ဖူးမြော်တဲ့ ပုံတင်ခဲ့ဖူးပါတယ်။နောက်ကျောက ရိုက်ထားတဲ့ ပုံလေးပါ။

source : Instagram