ပရိသတ်တွေကြားမှာ နာမည်ကြီး၊ လူကြိုက်များတဲ့ မင်းသားချော အောင်ရဲလင်းကတော့ မကြာခင်အချိန်မှာ ရုံတင်ပြသတော့မယ့်၊ ဒါရိုက်တာဝင်းထွန်းထွန်းရဲ့ အနုပညာလက်ရာတစ်ခုဖြစ်တဲ့ “ငယ်ကျွန်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မောင်မောင်ဆိုတဲ့ လူငယ်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့က အဓိက သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာတော့ အောင်ရဲလင်းဟာ ငယ်ငယ်က မိဘစကားအမြဲနားထောင်တဲ့ သားလိမ္မာ “မောင်မောင်” ကနေ အရမ်းဆိုးသွမ်းပြီး ဆေးစွဲလူငယ်တစ်ဦးရဲ့ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ နာကျည်းမှု၊ ကလဲ့စား၊ အမုန်းတွေနဲ့ ငယ်ကျွန်ကဇာတ်ကားဟာ နမူနာနဲ့တင် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေပြီပဲဖြစ်တယ်။

ရွှေမှုံရတီရဲ့ အငြိုး၊ အောင်ရဲလင်းရဲ့ အချစ်၊ စိုးမြတ်သူဇာရဲ့ မာနတို့အားပြိုင်ပြီး သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ ပရိသတ်အတွက် ဘဝသင်္ခန်းစာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်မှာပါ။

Official Trailer 1.မင်္ဂလာ နှစ်သစ် မှာ အမြန် ဆုံး ပရိတ်သတ် ရှေ့  ရောက်လာ ပါတော့မယ်။လွမ်းမောဖွယ်၊နာကျည်းဖွယ် အချစ်တို့၏အားပြိုင်မှုတို့ဖြင့် ခြယ်မှုန်းထားသည့်———- ငယ်ကျွန်———#လူမင်း၊ #အောင်ရဲလင်း ၊ #စိုးမြတ်သူဇာ ၊ #ရွှေမှုံရတီ။ဇာတ်လမ်း – #မြိတ်တင်အောင် ဇာတ်ညွန်း – #အင်ကြင်းဟန်ဒါရိုက်တာ – #၀င်းထွန်းထွန်း၏အနုပညာပြချက်#မေတ္တာရောင်ပြန်ရုပ်ရှင် ထုတ်လုပ်ရေး

Posted by Myittar Yaung Pyan Film Production on Wednesday, January 3, 2018

source : ငယ်ကျွန်-ရုပ်ရှင်ဇာတ်ကားကြီး