လူငယ်ဒါရိုက်တာ အောင်မြတ် ရိုက်ကူးပုံဖော်ထားတဲ့ “အနမ်းဝိုင်” အချစ်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီ (၂) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အောင်ရဲလင်း၊ ၀တ်မှုံရွှေရည်၊ မင်းဦး၊ စိုးမြတ်သူဇာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာ လူငယ်တယောက်နဲ့တယောက်ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကို ကြည့်ရှုတဲ့သူတိုင်း ထပ်တူခံစားရင်း ရှမ်းပြည်တောင်ပိုင်းက မြင်နေကျမဟုတ်တဲ့ စပျစ်စိုက်ခင်းကျယ်ကြီးတွေနဲ့ သဘာဝအလှအပတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားဟာ ရိုမန်တစ်ဆန်ဆန် အချစ်ဇာတ်ကားဖြစ်လို့ အနမ်းခန်းတွေကို အသက်ဝင်အောင် တကယ်နမ်းပြီး သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းကို သရုပ်ဆောင် ၀တ်မှုံရွှေရည်နဲ့ အောင်ရဲလင်းတို့က အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောခဲ့ပါတယ်။

နဖူးကို အနမ်းခံရတဲ့အခန်းနဲ့ ပတ်သက်ပြီး ၀တ်မှုံရွှေရည်က တစ်ခါမှ အနမ်းခံရတဲ့ အခန်းမျိုး မရိုက်ခဲ့ဖူးကြောင်း၊ ဒါရိုက်တာရဲ့ တောင်းဆိုမှုနဲ့ အကုန်လုံးရဲ့ တောင်းဆိုမှုကြောင့် ရိုက်ခဲ့ရကြောင်း၊ ဘဝမှာ ပထမဆုံးမှတ်မှတ်ရရ ရှိခဲ့တဲ့ အနမ်းခန်းလို့လည်း ပြောလို့ရကြောင်း၊ ရီဟာဇယ်ဆို ခဏခဏလုပ်နေရမှာစိုးလို့ တန်းရိုက်လိုက်တော့ ဘာမှန်းမသိလိုက်ကြောင်း၊ ဒါပေမဲ့ အခု ပြန်ကြည့်တော့ ရှက်တယ် ဆိုတဲ့အကြောင်းတွေကို ပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အောင်ရဲလင်းကလည်း တကယ်နမ်းလိုက်တာမျိုးက ရှေ့မှာလည်း ရိုက်ဖူးပေမယ့် ရုပ်ရှင်မှာတော့ ဒါပထမဆုံးအကြိမ် ဖြစ်ကြောင်း ၊ နိုင်ငံခြား ရိုမန့်စ်ကားတွေလိုမျိုး ကိုယ်ကိုယ်တိုင်ခံစားနေရသလိုမျိုး ဖြစ်ကြောင်း တွေပြောခဲ့ပါတယ်။ “အနမ်းဝိုင်”  ရုပ်ရှင်ဇာတ်ကားကြီးကတော့ လူငယ်ဒါရိုက်တာ အောင်မြတ်ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားပဲဖြစ်လို့ အချစ်ဇာတ်ကားကောင်း တစ်ကားဖြစ်မယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းကြတယ်။

အနမ်းဝိုင် Official Trailer

ပရိသတ်များ စောင့်မျှော်နေတဲ့ " အနမ်းဝိုင် " ရုပ်ရှင်ဇာတ်ကားကြီးကို ချစ်ရနံ့တွေထုံမွှန်းနေသော ဖေဖော်ဝါရီလ(2)ရက်နေ့ တွင် တစ်နိုင်ငံလုံး ရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်တည်းပြသပါတော့မည်#အနမ်းဝိုင် #kisslikewine #featurefilm #trailer

Posted by အနမ်းဝိုင် on Saturday, January 13, 2018

source : facebook