ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ ရုံတင်မယ့် “အနမ်းဝိုင်”ရုပ်ရှင်ဇာတ်ကားကြီးအတွက် အောင်ရဲလင်းနဲ့ ၀တ်မှုန်ရွှေရည်တို့က ဆင်တူအင်္ကျီလေးကို ၀တ်ဆင်ထားတာပါတယ်။ ဒီဇာတ်ကားကို လူငယ်ဒါရိုက်တာဖြစ်တဲ့ အောင်မြတ်က ရိုက်ကူးထားပြီး အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည်တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်ကားပဲဖြစ်ပါတယ်။

ဒီဇာတ်ကားအတွက် အောင်ရဲလင်းနဲ့ ၀တ်မှုန်ရွှေရည်တို့ကလည်း ဇာတ်ရုပ်ပီပြင်ဖို့အတွက် တကယ်နမ်းခဲ့ကြတယ်လို့ သိရပါတယ်။ အခုမှာလည်း သူတို့နှစ်ယောက်က ” အနမ်းဝိုင် ” Couple အကျီလေးတွေဖြစ်တဲ့ “မချစ်ဖူးလို့ပါ …ချစ်ဖူးချင်လို့ပါ … ချစ်မိသွားလို့ပါ ” စာတွေနဲ့ ရိုဆန်ကြေတာကို တွေ့ရပါတယ်။

သရုပ်ဆောင်လောကမှာ နာမည်ရနေတဲ့ အောင်ရဲလင်းနဲ့ ကျရာဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ ၀တ်မှုန်ရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားကလည်း ရိုဆန်ဆန်လူငယ်အချစ်ဇာတ်ကားကောင်းဖြစ်မှာ သေချာပါတယ်။ ပရိသတ်တွေကလည်း ဒီဇာတ်ကား ရုံတင်မယ့်နေ့ကို စောင့်မျှော်နေကြပါတယ်။

source : အနမ်းဝိုင်