ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံပြည့်ရုံလျှံကို ဖြစ်လောက်တဲ့အထိ အောင်မြင်မှုတွေ ရရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ အနမ်းဝိုင် ဇာတ်ကားကြီးက ရိုမန်တစ်ဆန်လွန်းတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာတောင် FA တွေ မကြည့်ရန် တားမြစ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဆိုပြီး ချစ်သူမရှိသေးတဲ့ တစ်ယောက်တည်းသမား (FA) တွေကို စနောက်မှုတွေ ရှိနေပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး FA တွေ စနောက်ခံနေရတာတွေကို အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ရိုက်ကူးသူ ဒါရိုက်တာ အောင်မြတ်က FA တွေပါ ကြည့်လို့ရတဲ့အပြင် တစ်ယောက်တည်းလည်း အတွဲခုံလေးမှာ ပေါက်ပေါက်ဆုပ်ထိုင်စားရင်း ဘယ်သူသိတာမှတ်လို့ -ဟု ဆိုလိုက်ပါသေးတယ်။

ဒါလေးကို သူ့ရဲ့ဖေ့ဘွတ် အကောင့်မှာ “FA တွေမကြည့်ရဘူးလို့ ဘယ်သူပြောလဲ? အတွဲခုံမှာ တယောက်တည်း ပေါက်ပေါက်ဆုပ် ထိုင်စားရင်ဘယ်သူသိတာမှတ်လို့.. နော” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ အောင်မြတ်ကတော့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲမှာကလည်းက ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိလာတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အခုဆိုရင် “အနမ်းဝိုင်”ရုပ်ရှင်ဇာတ်ကားကတော့ သူ့ရဲ့ ဒုတိယမြောက် အောင်မြင်မှုမှတ်တိုင် တစ်ခုအနေနဲ့ ရပ်တည်နေခဲ့ပါတယ်။

source : Aung Myat