မော်ဒယ်သရုပ်ဆောင် အောင်လေးနဲ့ ဟန်လေးတို့ ချစ်သူနှစ်ယောက်က ပရိသတ်တွေ အားကျခဲ့ရတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဟာ အနုပညာအလုပ်တွေကို အတူတူ တွဲလုပ်ခဲ့ကြတဲ့အပြင် ချစ်သူသက်တမ်း တစ်နှစ်ကျော်ပြည့်သွားပြီ ဖြစ်ပါတယ်။


ဒါပေမယ့် အခုဆိုရင် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ကြပြီဖြစ်ပြီး၊ သူတို့နှစ်ယောက်ရဲ့ ပရိသတ်တွေကတော့ ဒီသတင်းအတွက် အတော်လေး စိတ်မကောင်း ဖြစ်နေကြပါတယ်။

သူတို့နှစ်ဦးဟာ မကြာသေးခင်ကမှ Moda Magazine အတွက် စုံတွဲပုံလေးတွေ ရိုက်ကူးပေးခဲ့ ပါသေးတယ်။ အောင်လေးကလည်း ဟန်လေးနဲ့ တရားဝင်ပြတ်သွားကြပြီဆိုတာကို သူရဲ့ Facebook ကနေတစ်ဆင့်ကြေငြာခဲ့ပါတယ်။

ဟန်လေးကလည်း “လူဆိုတာ ကိုယ့်မျက်ချေး ကိုမမြင်ကျတဲ့သူတွေပါပဲ နှစ်ဦးနှစ်ဖက်လုံးမှာ အားနည်းချက် တွေရှိကျတာပဲလေ ဒါပေမဲ့ ငါ့ဖက်က အဲဒီအားနည်းချက်တွေ ဖော်ထုတ်ပြီး မဖြေရှင်းတော့ဘူးလေ ဘာလို့လဲဆိုတော့ သံသရာမရှည်ချင်တော့ဘူး ကိုယ့်လိပ်ပြာကိုလုံတယ် ဒီဘဝတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ချင်တော့လို့ပါ ”  ဆိုပြီး စာနဲ့ပုံ တွဲတင်ထားပါတယ်။

source : Aung lay & Han lay’s fb