လူကြမ်းဇာတ်ကောင်စရိုက်တွေမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ ဦးအောင်ခိုင်နဲ့ သူ့ရဲ့ချစ်ဇနီး ဒေါ်ဝါ၀ါအောင်တို့ကတော့ မနေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကြာဇံကြော်တွေ လိုက်လံဝေငှပေးခဲ့ပါတယ်။ ဦးအောင်ခိုင်ရဲ့ မွေးနေ့အကြိုအလှူအဖြစ် လှူဒါန်းခဲ့တာလို့ သိရပါတယ်။

ဦးအောင်ခိုင်နဲ့အတူ အနုပညာညီအစ်ကိုတွေ ဖြစ်တဲ့ ကိုလူချောအဖွဲ့ဝင်တွေကလည်း ၀င်ရောက်ကူညီပေးခဲ့တာကို တွေ့ရပါတယ်။

မွေးနေ့အလှူအကြောင်းကိုတော့ ဒေါ်ဝါ၀ါအောင်က သူမရဲ့ fb မှာ အခုလို ရေးထားပါတယ်။

“မနက်ဖြန်ကျရောက်မဲ့ ဦးအောင်ခိုင်ရဲ့မွေးနေ့အကြိုအဖြစ် သူတက်ရောက်ကုသခဲ့တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင် ၃ မှာနေ့လည်စာကြာဇံကြော်လှူဒါန်းခဲ့ပါတယ် 9-11-2017 ..” ဆိုပြီး တင်ထားတာပါ။

 မွေးနေ့အကြို အလှူ Post ရဲ့ အောက်မှာတော့ ဒီကနေ့မှာ ကျရောက်တဲ့ ဦးအောင်ခိုင်ရဲ့ မွေးနေ့အတွက်ဆုတောင်းစကားတွေကို အနုပညာရှင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေက ၀င်ရောက်ရေးသားပေးထားတာကို တွေ့ရပါတယ်။

from ဒေါ်ဝါ၀ါအောင်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။