ဇာတ်သဘင်လောကမှာရော သရုပ်ဆောင်လောကမှာပါ အောင်မြင်နေသူတစ်ယောက်ဖြစ်တဲ့ ဇာတ်မင်းသားစွမ်းဇာနည်က လတ်တလောမှာ ဇာတ်သဘင်ဘက်ကိုပဲ အာရုံစိုက်လုပ်နေခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူရဲ့ဇာတ်သဘင်ကို ရုံကွဲထွက်တဲ့အထိ အားပေးကြမ်းခဲ့ကြပါတယ်။

ပရိသတ်တွေရဲ့အသဲစွဲ စွမ်းဇာနည်က လူမှုကွန်ရက်မှာလည်း ပရိသတ်တွေနဲ့အဆက်မပြတ်အောင် လှုပ်ရှားမှုပုံရိပ်လေးတွေ တင်လေ့ရှိပါတယ်။ လတ်တလောမှာတော့ စွမ်းဇာနည်ရဲ့ ဆွဲဆောင်မှုရှိရှိ အပေါ်အ၀တ်ဗလာနဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေ ကြွေနေပါတယ်။ နောက်ပိုင်းဆံပင်အရှည်ပဲထားဖြစ်တဲ့ စွမ်းဇာနည်က ပိုခန့်လာပြီး ဆွဲဆောင်မှုပိုရှိလာပါတယ်။

ဒီအပေါ်ပိုင်း အ၀တ်ဗလာနဲ့ပုံရိပ်ကတော့ ရေချိုးခန်းထဲမှာ Selfie ရိုက်ထားတာဖြစ်ပြီး သူရဲ့အပြုံးနဲ့ အကြည့်တွေက မိန်းကလေးပရိသတ်တွေကို ရှုးခါသွားလောက်အောင်ပါပဲ။ လက်ရှိမှာ စွမ်းဇာနည်ရဲ့ စွမ်းသဘင်ဟာ အရင်ကထက် ပိုအောင်မြင်နေပြီး နားရက်မရှိလောက်အောင် ပွဲတွေဆက်တိုက် ကနေရတယ်လို့သိရပါတယ်။

source : Swan Zarni