ဟစ်ဟော့ဂီတမှာ နာမည်ကြီးခဲ့တဲ့ အဆိုတော် အနဂ္ဂနဲ့ တစ်ချိန်တုန်းက အောင်မြင်ခဲ့တဲ့ အမေဖြစ်သူ နွဲ့ရည်ဝင်းရဲ့ ဂီတအမွေတွေကို လက်ဆင့်ကမ်းနိုင်ခဲ့တဲ့ အဆိုတော် သံသာဝင်းတို့ နှစ်ယောက်ကတော့ သမီးဦးလေးနဲ့အတူ သာယာအေးချမ်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ သမီးဦးလေးကတော့ (၂)လပြည့်သွားခဲ့ပြီလို့လည်း သိရပါတယ်။

မေမေ သံသာဝင်းက သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်လို့မ၀ဖြစ်နေသလို ဖေဖေအနဂ္ဂကလည်း သမီးလေးကို လက်ကနေမချဘဲ ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားတာကို တွေ့ရပါတယ်။ မေမေသံသာဝင်းကတော့ သမီးလေးကိုမွေးပြီးနောက်ပိုင်း တသားမွေးတသွေးလှဆိုသလို လှသွေးကြွယ်နေဆဲပဲဖြစ်ပါတယ်။

အနဂ္ဂနဲ့ သံသာဝင်းတို့နှစ်ယောက်ဟာဆိုရင် ဂီတကို ရှုးသွပ်တာချင်းတူ ၊ ၀ါသနာလည်း တူကြသလို သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြလို့ ပရိသတ်တွေ အားကျရတဲ့ မိသားစုလေး ဖြစ်ပါတယ်။

source : Than Thar Win