Forbes မဂ္ဂဇင်းကနေ 30 Under 30 Asia  ဆိုတဲ့ “အသက်သုံးဆယ်အောက်ရဲ့ အယောက်သုံးဆယ်” ဆိုတဲ့ စာ ရင်း ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းထဲမှာတော့ အာရှတစ်လွှားမှာရှိတဲ့ တီထွင်ဆန်းသစ်တဲ့ အသက်(၃၀)အောက် လူ င ယ်ေ တွရဲ့ ဖော်ပြခဲ့တာပါ။ အာရှပစိဖိတ်ရှိ နိုင်ငံပေါင်း(၂၄)နိုင်ငံမှ မတူညီတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်ထက်မြက် ကြ တဲ့ လူငယ်တွေကို ဖော်ပြခဲ့တာပါ။ Categories (၁၀)ခုနဲ့ ခွဲပြီးဖော်ပြခဲ့တာပါ။

 

အဲ့ဒီအထဲမှာ ဆိုရင် media ၊ marketing  ၊ နည်းပညာ၊ Entertainment sports နဲ့ Celebrities ..ဆိုပြီး နည်းပညာ၊ စီးပွားရေး ၊ ဆေးပညာနဲ့ သိပ္ပံ၊ အားကစား အစရှိတဲ့ နယ်ပယ်အသီးသီးက အသက်(၃၀)အောက် ထူးချွန်လူငယ်တွေကို ဖော်ပြထားတာ ပါ။ အမွန်း ကေ တာ့ Celebrities  ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရတာပါ ။ Celebrities စာရင်းမှာဆိုရင် ကိုရီးယားက နာမည်ကြီးအဆိုတော်အဖွဲ့ BTS အဖွဲ့လည်း  ဖော်ပြခံခဲ့ရတာကို တွေ့ရပါ တယ်။

အမွန်းရဲ့ အကြောင်းကိုတော့ Forbes မှာ အခုလို ဖော်ပြထားပါတယ်။ အမွန်းဆိုပြီး လူသိများတဲ့ Ah Moon Marip  ဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်က အဆိုတော် တေးရေးသူတစ်ယောက်ပါ။Me N Ma Girls ဆိုတဲ့ အဖွဲ့ဝင် ဟောင်း တစ်ယောက်ပါ။ အမွန်းရဲ့ ပထမဆုံးတစ်ကိုယ်တော်အယ်ဘမ်”မင်းပေးတဲ့ အချစ်” ကိုတော့ (၂၀၁၄) မှာ ထွက်ရှိ ခဲ့ပါ တ ယ်။ နောက်ထပ် အယ်ဘမ်သစ် Automatic ကိုတော့ (၂၀၁၈)မှာ ထွက်ရှိခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ နာမည်ကြီး perfo rmer တစ်ယောက်လည်းဖြစ်ပြီး Facebook fans (၂.၅)သန်း ပိုင်ဆိုင်ထား တယ်ဆိုပြီး  ဖော်ပြထားပါတယ်။

 

အမွန်းကလည်း သူမရဲ့ fb မှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး အခုလို post တင်ထားခဲ့ပါတယ်။

Wow…. Thank you Forbes ! I am very honored to be selected in the list of 30 Under 30 Asia ! ( Full link below )
ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ဒီနေ့မှာ အာရှတခွင်မှ “အသက်သုံးဆယ်အောက်ရဲ့ အယောက်သုံးဆယ်” ဆိုတဲ့ စာရင်းထဲမှာ အမွန်းကိုထည့်သွင်းရွေးချယ်ခဲ့တဲ့အကြောင်း သတင်းပေးအကြောင်းကြားခြင်း ခံခဲ့ရပါတယ်။
BTS ( Kpop Band ) အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံရဲ့ အနုပညာရှင်များ, စီးပွားရေးပညာရှင်များ, အားကစားသမားများ အစရှိတဲ့ နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်အယောက် ၂၀၀၀ ကျော်ထဲမှ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အမွန်းကို ယုံကြည်ချစ်ခင် အားပေးခဲ့တဲ့ အားပေးနေတဲ့ပရိတ်သတ်ကြယ်ပွင့် တစ်ယောက်ချင်းစီကို ရင်ထဲကနေထာဝရကျေးဇူးတင်ပါတယ်။
အမွန်းအများကြီး ဆက်ကြိုးစားသွားပါ့မယ်လို့ကတိပြုရင်း … 🙏🏼 #ForbesU30Asia

Source Forbes & အမွန်းရဲ့ fb