အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ကတော့ မကြာခင်မှာ မင်္ဂလာပွဲ ဆင်နွှဲတော့မယ့် စုံတွဲတစ်တွဲပါ။ တောင်ကြီးသူလေး မြတ်ရတနာကျော်နဲ့ Ah boy တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းကမှ ချစ်သူ သက်တမ်းတစ်နှစ်ပြည့်ခဲ့တာပါ။
သူတို့စုံတွဲဟာ ပြီးခဲ့တဲ့စက်တင်ဘာတုန်းက ထိုင်းမှာ Pre-wedding သွားရောက်ရိုက်ကူးခဲ့ပါတယ်။ သတို့သား၊ သတို့သမီးအရံအဖြစ် ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲ၊ လွှမ်းပိုင်နဲ့ Bobby soxer ၊ ခိုင်သဇင်ငုဝါ တို့စုံတွဲကို ခေါ်သွားတာကိုတွေ့ရပါတယ်။
အခုနောက်ပိုင်းမှာတော့ pre-wedding ပုံလေးတွေကို တစ်ပုံချင်းစီ တင်ပေးနေတာကို တွေ့ရပါတယ်။ အခုနောက်ဆုံးတင်ပေးထားတဲ့ပုံကတော့ ကုလားအုတ်စီးနေတဲ့ပုံလေးပါ။ မြတ်ရတနာကျော်က အနီရောင်၊ Ah boy က နီညိုရောင်ကို ၀တ်ဆင်ထားတာ တွေ့ရပါတယ်။ Ah boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ pre-wedding ပုံလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
from ah boy & myat yandanar kyaw’s fb