Ah Boy နဲ့မြတ်ရတနာကျော်တို့ စုံတွဲကတော့ ရွှေလက်တွဲသွားပါပြီ။ Pre-wedding ပုံတွေကို ထိုင်းမှာ သွားရောက် ရိုက်ကူးခဲ့ကြပြီး အနုပညာအသိုင်းအ၀ိုင်းမှ Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကပါဝင်ကူညီပေးခဲ့တာကို တွေ့ရပါတယ်။

 

ဒီဇင်ဘာ (၂၁)ရက်နေ့က အင်းလေးမှာ ကျင်းပတဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ၊ မင်္ဂလာညစာစားပွဲကိုဆိုရင်လည်း အနု ပညာရှင်တွေ၊ ဆယ်လီတွေက အင်းလေးထိအရောက်သွားပြီး ပါဝင်အားဖြည့်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

Pre-wedding မှာတည်းက ကူညီပေးခဲ့ကြတဲ့ သတို့သား၊ သတို့သမီးအရံတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲ၊ လွှမ်းပိုင်နဲ့ Bobby soxer ၊ ခိုင်သဇင်ငုဝါ၊ မေပြည့်စုံအောင်တို့လည်း လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် နေရွှေသွေးအောင်၊ နေခြည်ဦး၊ အဆိုတော် နိုင်းဝမ်း၊ ခင်ရူပတို့လည်း ဒီပွဲကို တက်ရောက်ပေးခဲ့ပါတယ်။

from ဆယ်လီများရဲ့ fb