ပြည်သူချစ် ဟာသသရုပ်ဆောင် မင်းသားကြီး ဇာဂနာဟာ  ဒီဇင်ဘာလ (၆)ရက်နေ့မှာ ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ခွဲစိတ်မှုခံယူရတဲ့အကြောင်းကတော့ သည်းခြေအိတ်မှာ အနာဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ခွဲစိတ်မှုကတော့ ကံကောင်းစွာနဲ့ အောင်မြင်စွာ ခွဲစိတ်ပြီးခဲ့ပါတယ်။ အနုပညာပိုင်းသာမက နိုင်ငံရေးဘက်မှာပါ တာဝန်ကျေတဲ့ ဦးဇာဂနာကိုချစ်ကြတဲ့ အနုပညာရှင်တွေက ဒီဇင်ဘာလ(၇)ရက်နေ့မှာ သတင်းမေးဖို့ရောက်လာကြပါတယ်။

ဦးဇာဂနာကို သတင်းလာမေးကြတဲ့ပုံတွေကိုတော့ ငှက်ပျော်ကြော်က သူရဲ့ ဖေစ့်ဘုတ်မှာ တင်ထားပေးတာဖြစ်ပါတယ်။

Source: Ngapyaw Gyaw, Lwin Moe facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။