ပရိသတ်တွေ စိတ်ဝင်စားမှုကို ရနေတဲ့ “REFLECTION” ရုပ်ရှင်ဇာတ်ကားကို နိုင်ငံကျော် စူပါမင်းသမီး (၄)ယောက်က အထူးပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသမီး (၄)ယောက်စလုံး ဖက်ရှင်အမိုက်စား၊ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

မကြာခင်မှာ ရုံတင်ပြသတော့မယ့် REFLECTION ဇာတ်ကားမှာ မင်းသမီး(၄)ယောက်စလုံး အစွန်းကုန်ကြိုးစားခဲ့ကြပါတယ်။ REFLECTION က ဘယ်လိုဇာတ်ကားမျိုးလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။ ဒီဇာတ်ကားမှာတော့ အိဒ္ဒြာကျော်ဇင်က “အတိတ်ရိုင်းတွေသာ မရှိခဲ့ရင်…. ကျွန်မလည်း ပန်းရိုင်းတစ်ပွင့်ဖြစ်မလာဘူး” ဆိုတဲ့ မေနိုင်း အဖြစ် သရုပ်ဆောင်ထားပါတယ်။ အူဝဲရဲ့ ရိုက်ကွင်းပေါ်က ညို့အားပြင်းတဲ့ သရုပ်ဆောင်ချက်တွေကို မျှဝေပေးလိုက်ပါတယ်။

source : REFLECTION – ရောင်ပြန်