သူငယ်ချင်းကနေ ချစ်သူဖြစ်သွားကြတဲ့ အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်မင်းသမီးချောလေး ဧငြိမ်းဖြူတို့ စုံတွဲဟာ ချစ်သူဘ၀ကို အေးချမ်းစွာဖြတ်သန်းနေကြပါတယ်။ ဒါပေမယ့် ဧငြိမ်းဖြူက ဒီနေ့ချစ်သူများနေ့မှာ တစ်ယောက်တည်းပါပဲလို့ဆိုပြီး ဖွင့်ဟလာခဲ့ပါတယ်။

ချစ်သူသက်တမ်း (၁)နှစ်ပြည့်သွားခဲ့ပြီးဖြစ်တဲ့ ရဲရင့်အောင် နဲ့ ဧငြိမ်ဖြူတို့ချစ်သူနှစ်ယောက်က ဒီနေ့ (၁၄)ရက်နေ့ ချစ်သူများနေ့မှာတော့ အတူရှိမနေနိုင်ခဲ့ကြပါဘူး။ အဆိုတော် ရဲရင့်အောင်က လက်ရှိမှာ ပျော်ဘွယ်မြို့ကို ဖျော်ဖြေပွဲအတွက်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဧငြိမ်းဖြူက “Valentine Day ကတော့ Single ပါပဲ” လို့ သူမရဲ့ Facebook မှာရေးထားတာတွေ့ရပါတယ်။

သူတို့ချစ်သူနှစ်ယောက်ကို သဘောတူအားပေးကြတဲ့ ပရိသတ်တွေကတော့ ချစ်သူများနေ့မှာ သူတို့ချစ်သူနှစ်ယောက်အတူရှိမနေနိုင်တာကို ၀မ်းနည်းနေခဲ့ကြတာ တွေ့ရပါတယ်။

source : A Nyein Phyu