အဆိုတော်ရဲရင့်အောင်ရဲ့ ချစ်သူချောချောလေး ဧငြိမ်းဖြူက Running Man ရဲ့ အမာခံ ပရိသတ်တစ်ယောက်ပါ။Running Man ဆိုတာကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး Reality Show တစ်ခုပါ။ ဟာသရယ်စရာတွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပေါင်းစပ်ထားတဲ့ Show ပါ။

ဧငြိမ်းဖြူကလည်း Running Man ရဲ့ အမာခံပရိသတ်တစ်ယောက်ပါ။ အပိုင်း(၁)တည်းက တစ်ပိုင်းမှမလွတ်စေဘဲ အားပေးလာခဲ့တာလို့ ဧငြိမ်းဖြူက ပြောပါတယ်။ နောက်ပိုင်း ဂယ်ရီထွက်ပြီးနောက် Running Man ကို အားပေးတဲ့ အခါ ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ဧငြိမ်းဖြူက ရင်ဖွင့်လိုက်ပါတယ်။ Runner တွေပဲ နားလည်နိုင်တဲ့ ခံစားချက်မျိုးပါ။ သူမခံစားနေရတဲ့ ခံစားချက်မျိုးကို တခြား Running  Man ရဲ့ ပရိသတ်တွေလည်းခံစားနေကြရပါတယ်။ ဧငြိမ်းဖြူ ရင်ဖွင့်ခဲ့တာကတော့……

“Running Man ကနောက်ပိုင်းကြည့်ရတာ အရသာမရှိတော့ဘူး .. စကားတွေပဲများနေကြတယ် …သူတို့ 6 ယောက်ကိုချစ်လွန်းလို့သာ ဆက်ကြည့်နေတာ .. Gary ထွက်သွားပြီးထဲက မကောင်းတော့ဘူး

Somin ကိုလဲ မကြိုက် .. သူ့ Show ကြနေတာပဲရယ်
ကိုယ့်အမြင်ပေါ့နော် … လေးစားမူလဲမရှိဘူး အကြီးတွေကို …

Runner တစ်ယောက်အနေနဲ့သာ အမြဲအားပေးသွားမှာပါ … အပိုင်း 1 ထဲက အားပေးလာခဲ့တာ .. တစ်ပိုင်းမှ မပျက်ဘူး ကြည့်တာ .. ချစ်လွန်းလို့ အမြဲအားပေးသွားမှာပါ .. အရင်လို Game တွေအများကြီးဆော့တာလေးတော့ ပြန်မြင်ချင်မိတာ အမှန်ပါ ..

ဒါတွေ Runner တွေပဲနားလည်မှာပါ….” ဆိုပြီး တင်ထားပါတယ်။

ဧငြိမ်းဖြူရဲ့ Post အောက်မှာတော့ ရဲရင့်အောင်က “ဘာတွေပြောနေတာလဲ??? …” ဆိုပြီး ၀င်မန့်ထားပါတယ်။ ဧငြိမ်းဖြူကလည်း ချစ်သူ ရဲရင့်အောင်ကို ” ဒီတစ်ခါတော့ ကိုကိုနားမလည်တော့ဘူး .. ဟားဟား..” ဆိုပြီး reply ပြန်ထားတာကို တွေ့ရပါတယ်။

from ဧငြိမ်းဖြူရဲ့ fb