“အမေ မဖြစ်ခင် အပျိုတစ်ခေတ်မှာ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို စတင်ရိုက်ကူးနေပါပြီ။ ဇာတ်ကား ရိုက်ကွင်းပုံရိပ်တွေကိုတော့ ဆုအိမ့်စံက သူမရဲ့ fb မှာ တင်ထားပါတယ်။

“အဝေရာပုတီးရောင်းတဲ့သူလေး မေသု အဝေရာ ပုတီးတွေအားပေးကြအုံးနော် ” ဆိုပြီး တင်ထားတာပါ။

မိတ်ကပ်ရဲ့အစွမ်းကြောင့် တကယ့်ကို ဆင်းရဲသားပုံစံကို ပီပြင်နေတာကို တွေ့ရပါတယ်။ အသားမည်းတဲ့ပုံပေါက်အောင်ပြင်ဆင်ထားတာက သဘာဝကျလွန်းလို့ မိတ်ကပ်အစွမ်းကို ချီးကျူးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

“အမေ မဖြစ်ခင် အပျိုတစ်ခေတ်မှာ” ဆိုတဲ့ ဇာတ်ကားကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ကရိုက်ကူးတာပါ။ သရုပ်ဆောင်မင်းသားတွေကတော့ လူမင်း၊ မင်းမော်ကွန်း၊ သူရိယ၊ မင်းသမီးကတော့ ချိုပြုံး၊ ခိုင်သင်းကြည်၊ မေသဉ္စာဦး၊ မယ်လိုဒီ၊ ခင်ဝင့်ဝါ၊ ဆုအိမ့်စံတို့အပြင် တခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

 

from အနုပညာရှင်များရဲ့ fb