အဆိုတော် ဂျင်းနီ(ဟန်နွေငြိမ်း)ကတော့ သူမရဲ့ ဘ၀မှာ နှစ်(၃၀) အတွင်း ပ ထမဆုံးအကြိမ် ရင်ခုန်ကြည်နူးမှုနဲ့ ကြုံခဲ့ရတယ်လို့ ဆိုထားပါတယ်။သူမရဲ့ အသက် (၃၀) ပြည့်မွေးနေ့လေးကို သူမရဲ့ချစ်သူနဲ့ သူငယ်ချင်းတွေက မွေးနေ့ Surprise ပွဲလေး ကျင်းပပေးခဲ့တာပါ။ဒီအကြောင်းကိုတော့ ဂျင်းနီက သူမရဲ့ fb ပေါ်မှာ..

#9
?1 Nov 11:45pm ကနေစပီး ဖုံးတွေပိတ်ခိုင်းတယ်၊ 369bar မှာ 2ယောက်ထဲ 2ရက်နေ့ရောက်မဲ့ ချိန်လေးကို မျှော်ရင်း(RO ကြတယ်ပေါ့)၊ အိမ်ကတောင် သူ့ဆီဖုံးဆက် wish လုပ်တယ်၊ 12:05am မှာဖုံးပြန်ပေးဖွင့်တယ်၊ 12:45am မှာ အိမ်ပြန်ပို့တယ်၊ လမ်းမှာ ဖုံး1call လာတယ် မန်းလေးက သူငယ်ချင်းတျောက် ရောက်နေတယ်ဆိုလို့ ခဏသွားတွေ့မယ် ပီးရင် သီချင်းလေးတွေ သွားဆိုကြမယ်ပေါ့၊

ဒါမဲ့ ဖြစ်စဉ်က အဲ့လောက်မရိုးရှင်းဘူး၊ အနှစ်၃၀အတွင်း ပထမဆုံး ရင်ခုန်ကြည်နူးမှုလေးပါ။ ကျမ မသိအောင် ကြိုတင်ဖန်တီးထားတဲ့ ကျမကြိုက်သော အရောင်များနဲ့ လေမှာလွင့်နေတဲ့ မိုးပျံဗူဖောင်းလေးတွေရယ် Happybirthday စာတန်းလေးတွေရယ် မွေးနေ့ရှင်ကျမရဲ့ Jenny ဆိုတဲ့ စာလုံးလေးရယ် Happybirthday My Love ဆိုတဲ့ စလုံးလေးတွေပါတဲ့ ကိတ်လေးတလုံးရယ် အဖြူရောင်ပန်းစည်းလေးတခုရယ် ကျမရဲ့ Happybirthday song လေးကိုဖွင့်လို့ ထင်မထားတဲ့ သူငယ်ချင်းတချို့နဲ့ ချစ်စရာကောင်းနေတဲ့ မွေးနေ့ခန်းမလေးတခုကို အံ့သြစွာ ကျမ ရောက်သွားခဲ့တယ်၊

ကျမ စိတ်ထဲ ဘာပြောရမှန်းမသိ ဘာဖြစ်သွားမှန်းလဲမသိ (ဘယ်တုန်းကမှ မခံစားဖူးဘူး၊ သူများတွေအတွက် ပျော်ရွှင်အောင် ကျမ အမြဲလိုလို လုပ်ပေးခဲ့ဖူးတဲ့ အရာတွေပါ ခုတော့ ကျမ ကိုယ်တိုင် ကြုံလိုက်တော့ မျက်ရည်လေးတောင်ကျမိတယ်) ☺️ ကျိတ်ပီးကျေနပ်သွားမိတယ် ရှက်ပြုံးလေးနဲ့ သူ့ကို ကြည့်ပီး <?ဒီလိုလဲ ကဗျာဆန်တတ်တယ်လား> စိတ်ထဲက ကြည်နူးရင်း…. ♥️♥️ ” ဆိုပြီး တင်ထားပါတယ်။

from ဂျင်းနီရဲ့ fb

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါး များ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာ မျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်း ကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။