အန်ကယ်မြန်မာပြည်သိန်းတန်ကတော့ အားလုံးက လေးစားရတဲ့  ၀ါရင့် ဂီတ သမားတစ်ယောက်ပါ။ ဂီတအပေါ်မှာ လ ည်း အမှန်တကယ်ချစ်မြတ်နိုးပြီး ဂီတ လော က မှာ အန်ကယ်ကျင်လည် လာတဲ့ သက်တမ်းကလည်းမနည်းတော့ ပါဘူး။ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရထားတဲ့ အန်ကယ်တစ်ယောက် ဒီနှစ်ရဲ့ Myanmar Idol အဆိုပြိုင်ပွဲ မှာ ဒိုင် အြ ဖစ် ဆက်လက်ပါဝင်ခြင်းရှိတော့မှာ မဟုတ်တဲ့ အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။အန်ကယ် ကို သတိရနေတဲ့ ပရိသတ်တွေ အတွက် အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ အန်ကယ့်ရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလို က်ပါတယ်။

Image from Nunandar Than’s fb
Image from Nunandar Than’s fb

Pan Pacific Yangon ရဲ့ high tea buffet ကို လာရောက်သုံးဆောင်ရင်းနဲ့ ကြုံတုန်းကြုံခိုက်မှာ သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ဂီတနဲ့ ဖျော်ဖြေပေးခဲ့တာပါ။အနုပညာအပေါ် ဘယ်လောက်ထိ ချစ်မြတ်နိုးသလဲ ဆိုတာကို တော့ အန်ကယ်ရဲ့ ဖျော်ဖြေသီဆိုနေတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရင်သိနိုင်ပါတယ်။ဗီဒီယိုဖိုင်ကိုတော့ Pan Pacific Yangon ရဲ့ FB စာမျက်နှာပေါ်မှာ အခုလို ဝေမျှပေးထားတာပါ။

Image from Nunandar Than’s fb
Image from Nunandar Than’s fb

“နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်မှ high tea buffet လာရောက်သုံးဆောင်ရင်း အခုလို သီဆိုဖျော်ဖြေပေးသွားပါတယ်

အခုလိုဖျော်ဖြေပေးတဲ့အတွက် အန်ကယ်ဦးသိန်းတန်ကို Pan Pacific Yangon မှ အထူးပဲကျေးဇူးတင်ရှိပါတယ် 🙂…”

နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်မှ high tea buffet လာရောက်သုံးဆောင်ရင်း အခုလို သီဆိုဖျော်ဖြေပေးသွားပါတယ် အခုလိုဖျော်ဖြေပေးတဲ့အတွက် အန်ကယ်ဦးသိန်းတန်ကို Pan Pacific Yangon မှ အထူးပဲကျေးဇူးတင်ရှိပါတယ် 🙂

Posted by Pan Pacific Yangon on Saturday, June 15, 2019

Myanmar Idol မှာ ဒို်င်အဖြစ် ပါဝင်လာတဲ့ အန်ကယ်မြန်မာပြည်သိန်းတန်ကတော့ ဒီနှစ်မှာ ဒိုင် အဖြစ် ဆက်လက် ပါဝင်တော့မှာ မဟုတ်ပါဘူး။အန်ကယ်ရဲ့ ဝေဖန်သုံးသပ်တဲ့စကားတွေနဲ့ အန်ကယ့်ရဲ့ ဖက်ရှင်တွေကိုတော့ ပရိသ တ်တွေ က အရမ်းကို သတိရနေကြပါတယ်။ Myanmar Idol Season 4  ရဲ  ဒိုင် အဖြစ် ဆောင်ရွက် ပေးမယ့် သူတွေကတော့ ဦးအောင်ကိုလတ်၊တင်ဇာမော် နဲ့ ဖြူဖြူကျော်သိန်းပါ။ ကျော်ထက်အောင်ကတော့ Host အဖြစ် နဲ့ ဆက်ပြီး ရှိနေအုံးမှာပါ။

Image from Nunandar Than’s fb
Image from Nunandar Than’s fb

Photos from Nunandar Than’s fb & video from Pan Pacific Yangon