နှစ်စဉ်နှစ်တိုင်း အောင်မြင်တဲ့ အဆိုတော်တွေ မွေးထုတ်ပေးနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol Season3 သီချင်းဆိုပြိုင်ပွဲကြီးကိုတော့ မကြာခင်မှာ ပြုလုပ်ကျင်းပတော့မှာဖြစ်ပြီး ယနေ့ ဇန်န၀ါရီလ (၁၁)ရက်နေ့မှာတော့ Myanmar Idol Season 3 အတွက် Press Show ကို ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဒီပွဲကို အနုပညာရှင်တွေနဲ့ အရင် season တွေက ပြိုင်ပွဲဝင်ခဲ့ကြတဲ့ အဆိုရှင်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာတော့ Myanmar Idol Season3 မှာ အကယ်ဒမီရန်အောင်၊ မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင်၊ တင်ဇာမော်တို့က ဒိုင်အဖြစ်ပါဝင်ကြမယ်ဆိုတာကိုလည်း ပရိသတ်ကို အသိပေးခဲ့ပါတယ်။ ဒါဟာ အရင် season တွေမှာ ဒိုင်လူကြီး (၃)ဦးသာထားခဲ့ရာကနေ (၄)ဦးကို ပြောင်းလဲခဲ့တာလည်း ဖြစ်ပါတယ်။

Source: Poe Mi, Billy La Min Aye