ဒီနေ့ဒီခေတ်မှာ ဆံပင်ရှည်ထားဖို့၊အဲ့ဒီဆံပင်ရှည်ကို လှပအောင် ထိန်းသိမ်းဖို့ ဆိုတာ အရမ်းကို ခက်ပါတယ်။ ဆံပင်ရှည်ထားရတဲ့ ဘယ်လောက်ထိ ဒုက္ခများပြီး မလွယ်ကူသလဲ ဆိုတာကိုတော့ ဆံပင်ရှည်ထားဖို့ ကြိုးစားဖူးသူတိုင်း သိမှာပါ။ဆံကေသာအရှည်လေးကို တန်ဖိုးထား ထိန်းသိမ်းထားတဲ့ မြန်မာ မင်းသမီး ဆယ်လီလေးတွေ ရှိပါတယ်။ သူတို့ တွေကတော့…

(၁)ယွန်းယွန်း

Image- Yoon Yoon’s fb

ယွန်းယွန်းကတော့ ပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေးပါ။ ကလေး သရုပ်ဆောင် ဘ၀ တည်းက ပရိသတ်တွေရဲ့ အချစ်ကို ရထားသူပါ။ ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာမေဂျာ တက်ရောက် သင်ယူနေ သူပါ။ ကျောင်းတစ်ဖက်နဲ့မို့ အနုပညာ ဘက်ကိုတော့ ပရိသတ်တွေ မျှော်လင့်ထားသလေက်တော့ အချိန်မပေးနိုင် တာကိုလည်း တွေ့ရပါတယ်။

Image- Yoon Yoon’s fb

ယွန်းယွန်းကတော့ ပရိသတ်တွေ ရိုးမသွားအောင် ဆံပင် ရှည်ကြီးကို ကာလာဆိုး တာ၊အခုဆိုရင် နဲနဲညှပ်ထားတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေက ဆံပင်မညှပ်စေချင်တဲ့ ဆယ်လီ မင်းသမီး တွေထဲမှာ ယွန်းယွန်းကလည်း တစ်ယောက် အပါအ၀င်ပါ။

Image- Yoon Yoon’s fb

(၂)ပန်းရောင်ခြယ်

Image – pan yaung chel’s fb

နောက်တစ်ယောက်ကတော့ အဆိုတော်ဂရေဟန်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ပါ။ လိုအပ်ချက် အရ အပြောင်းအ လဲ ဖြစ်အောင် ဆံပင်ကို ပုံစံပြောင်းရတာမျိုးရှိပေမယ့် ပရိသတ်တွေကတော့ သူမရဲ့ ဆံပင်အကောက် ပုံစံ လေးကို ပိုချစ် ပိုမြတ်နိုးကြတာကိုတွေ့ရပါတယ်။ဂီတဘက်ကိုပဲ ဦးစားပေးလုပ်ကိုင်နေသူပါ။

Image – pan yaung chel’s fb

ကြော်ငြာတွေ ရိုက်ကူးပေးတာ မျိုး တွေ တော့ ရှိပါတယ်။ ရိုးရိုးလေးနဲ့ အနေအေးသူလေးမို့ ပရိသတ်တွေရဲ့ ချစ်ခင် မှုကို ရထားသူပါ။ အသံချိုချိုလေးနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ ပန်းရောင်လေးကိုလည်း သူမရဲ့ ပရိသတ်တွေက ဆံပင်ရှည်လေးနဲ့ပဲ အမြဲတမ်းမြင်တွေ့ချင်နေပါတယ်။

Image – pan yaung chel’s fb

(၃) နေခြည်ရွှန်းလက်

Image – nay chi shoon lak’s fb

နောက်တစ်ယောက်ကတော့ MRTV 4 ရဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ တက်သစ်စ မင်းသမီးချောလေး နေခြည်ရွှန်းလက်ပါ။ သူမရဲ့ လှပတဲ့ ဆံပင်ရှည်ကြီးကြောင့်ပဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့ တာပါ။ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်ပြီး အရမ်းကြိုးစားတဲ့ သူလေးမို့ အခုဆိုရင် ပရိသတ်တွေ ပေးတဲ့ နေရာ တစ်နေရာ ကို ရပြီး အနုပညာလောကထဲမှာ ရပ်တည်နေပါပြီ။

Image – nay chi shoon lak’s fb

ပုဂံမြို့ သူ ဇာတ်လမ်းတွဲ ထဲက ဂွမ်းနုလေးကတော့ ပုဂံမြို့သူ အပြီးမှာ မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန ဆိုတဲ့ ဇာတ်ကားထဲက နှင်းနွေ အဖြစ်နဲ့ ပရိသတ်ရှေ့ကို ပြန်ရောက်လာခဲ့ပါတယ်။ လှပပြီး ဖြောင့်စင်းနေတဲ့ သူမရဲ့ ဆံနွယ် လေး တွေကတော့ ပရိသတ်တွေကို အချစ်ပိုစေတဲ့ အကြောင်းအရင်းတွေ အများကြီးတွေထဲက တစ်ခုပါ။

Image – nay chi shoon lak’s fb

#CELENOW