မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆယ်လီတွေ ထဲမှာ လည်း လက်ရှိ လုပ် နေတဲ့ အသက်မွေးဝမ်းကြောင်း အလုပ် အပြင် တခြား အနုပညာ  တွေ ဘက်မှာပါ တော်တဲ့ သူတွေ အများကြီး ရှိပါတယ်။အဲ့ဒီအ ထဲကမှ ပန်းချီ ဆွဲ တဲ့ နေရာမှာပါ တော် ကြတဲ့ အနုပညာရှင် တစ်ချို့ကို ဝေမျှ ပေးချင်ပါတယ်။

အိန္ဒြာကျော်ဇင်

Image:FB/Eaindra Kyaw Zin

ပရိသတ်တွေက အူဝဲ လို့ ချစ်စနိုးေ ခ်ါတဲ့ အကယ်ဒမီ မင်းသမီးချော အိန္ဒြာကျော်ဇင်  က လည်း သရုပ်ဆောင် အလုပ် အပြင် ပန်းချီ ဆွဲ တဲ့ နေရာ မှာလည်း သူမရဲ့ အစွမ်းက မခေပါဘူး။အရင်က တော့ ကားရိုက်တွေ၊မိသားစု မှာလည်း အိမ်ထောင် ရှင်မ၊ မိခင် တာဝန်တွေ ကြောင့် သူမရဲ့ ၀ါသနာ ဘက်ကို လှည့် ဖို့ မအားမလပ် ဖြစ်ခဲ့ ပုံ ရပါတယ်။လက်ရှိ ကိုဗစ် ကာလမှာတော့ အူဝဲက ပန်းချီ ပုံ လေးတွေ ကို ရေး ဆွဲ ဖြစ်နေပါတယ်။

ပန်းချီလေးတွေ ရေးဖြစ်နေတဲ့ အကြောင်းအရင်း?????

Posted by Eaindra Kyaw Zin on Tuesday, October 13, 2020

နေတိုး

Image:FB/Nay Toe

နေတိုးက တော့ အနုပညာ နယ်ပယ်မှာ ဂျူနီယာတွေ လေးစားအားကျရတဲ့ သရုပ်ဆောင် မင်းသားတ စ်ေ ယာက်ပါ။ဘက်စုံ တော် တဲ့ စွယ် စုံရ မင်းသား တစ်ယောက် အဖြစ် သတ်မှတ် ခံထားရသူပါ။နေတိုးက တော့ သရုပ်ဆောင် တင် မဟုတ်ပဲ၊လူရွှင် တော် ပဲ လုပ် ရမလား၊သီချင်းပဲ ဆိုရမလား၊အသံတု ပဲ လုပ်ရမလား အကုန် ရသူပါ။ဒါ့အပြင် နေတိုးက ပန်းချီ ဆွဲ တဲ့ နေရာမှာပါ တော် ပါတယ်။သူ့ရဲ့ ပန်းချီ ၀ါသနာ နဲ့ ပတ်သက်ပြီး မကြာခဏ ဆိုသလို တော့ ထုတ် ပြ လေ့ မရှိ ပဲ တစ်ခါ တရံမှ ဆွဲ ဖြစ် ပုံရပါတယ်။သားငယ်ရဲ့ MV  ရိုက်ကွင်းမှာတော့ ကိုယ်တိုင် လဲ သရုပ်ဆောင်၊MV ထဲက ပန်းချီကားကိုလည်း သူကိုယ်တိုင်ပဲ ဆွဲခဲ့တာပါ။တကယ့်ကို စွယ်စုံ ရတဲ့ မင်းသား ..။

သားငယ် သီချင်းသစ် MV သီချင်းလည်းပြီးပန်းချီကားလဲပြီး ✍🎹🖌

Posted by Nay Toe on Saturday, February 22, 2020

ဒေါင်း

Image:FB/Daung

ဒေါင်းက တော့ သူ့ရဲ့ ပင်ကိုယ် Type ကို က ခပ် အေးအေး ပဲ နေတတ်ပုံရပါတယ်။စာအုပ်တွေကို ဖတ်ရတာ ကြိုက်ပြီး အားတဲ့ အချိန် မှာ ပန်းချီ ရေးဆွဲ ဖြစ်သူပါ။လက်ရှိကိုဗစ် ကာလမှာလည်း ပရိသတ်တွေကို Live လွှင့် စာဖတ်ပြ ရင်း သူ တက်နိုင် တဲ့ ဘက် က နေ  ဖျော်ဖြေမှု တစ်ခု လုပ်ပေးနေတာပါ။ဆရာမ ဂျူးရဲ့ မိန်းမ တစ်ယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက် ဆိုတဲ့ ဇာတ်ကားမှာ ယုမော် ဇာတ်ကောင် နေရာ ကေ န သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ အားလုံးက ဒီဇာတ်ကောင်နဲ့ ဒေါင်း အရမ်းလိုက်ဖက် တယ်ဆိုပြီး ချီးကျူး ခဲ့ ကြပါတယ်။စာဖတ်ပြတဲ့ live မှာလည်း ဆရာမ ဂျုး ကို ဖိတ်ခေါ် ပြီး ဆရာမရဲ့ ပင်လယ်နဲ့ တူသော မိန်းမ များဆိုတဲ့ စာအုပ် အ ကြောင်း ဆွေးနွေးခဲ့ပါသေးတယ်။

ဒီရက်တွေအတွင်း အရမ်းအရေးတကြီးကိစ္စမရှိခဲ့ရင် လူစုလူဝေးများတဲ့နေရာတွေရှောင်ခြင်းက အကောင်းဆုံးပါပဲခင်ဗျာ🏡

Posted by DAUNG – ဒေါင်း on Sunday, March 22, 2020

အေးချမ်းမိုး

Image:FB/Aye Chan Moe

အေးချမ်းမိုးက တော့ နာမည်ကြီးတဲ့ ဆယ်လီ ဒေါက်တာ မလေးပါ။သူမက တော့ MC ၊ Presenter တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေ သူပါ။ပညာတတ်တစ်ယောက် ဖြစ်တဲ့ သူမ ကတော့ မြင်သူတိုင်းကို ရင်အေး စေတဲ့ အလှပိုင်ရှင် လေးပါ။အေးချမ်းမိုးက တော့ လက်ရှိမှာ သူမ ရဲ့ပန်းချီ Skill တွေကို ထုတ်ပြ နေပါတယ်။သူမ ရေးဆွဲ ထားတဲ့ ပန်းချီ ကားတွေ ကို Canvas Art by Chan Moe Lay ဆိုတဲ့ Page အ ကောင့်မှာ တစ်စု တစ်စည်း တည်း ဖော်ပြထားပါတယ်။ဈေးနှုန်း သတ်မှတ် ရောင်းချ ပေးနေပါတယ်။

Very First post to sell my mini-canvas art 👩‍🎨အားလုံးနဲ့ အဆင်​ပြေမယ့် ​စျေးနှုန်း​လေး​တွေ သတ်မှတ်​ပေးထားပါတယ်​နော်…

Posted by Canvas Art by Chan Moe Lay on Wednesday, October 14, 2020

ပိုင်တံခွန်

ပိုင်တံ ခွန်က တော့  မိန်းက လေးပရိသတ်တွေကြားမှာ အရမ်း နာမည်ကြီး တဲ့ နာမည်ကြီး မော်ဒယ် မင်းသား တစ်ယောက်ပါ။မြန်မာ ပရိသတ် တွေ တင် မဟုတ်ပဲ ထိုင်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုပါ အပြည့် အ၀ ရထားသူပါ။ထိုင်းမှာပါ Fan Meeting ပွဲ ကျင်းပ နိုင်ခဲ့တဲ့ ပထမဆုံး မြန်မာ အနုပညာရှင် ပါ။ပိုင်တံခွန်က တော့ TC Candler ရဲ့ 100 Most Handsome Faces ဆန်ခါ တင် စာရင်းမှာ ပါ  ပါဝင် ခဲ့တဲ့ ပထမဆုံး မြန်မာ အနုပ ညာရှင်ပါ။ပိုင်တံခွန်က တော့ ပန်းချီ မှာပါ တော်တဲ့ အနုပညာရှင် တစ်ယောက်ပါ။ပိုင်တံ ခွန် ဆွဲထားတဲ့ ပန်းချီကားေ တွကို ကြည့်ရင် သူ့ရဲ့ ပန်းချီ Skill က မခေ ဘူးဆိုတာကို သိကြမှာပါ။

#CELENOW