ဒီသက်ရှိလောကကြီးရဲ့ တစ်နေရာမှာတော့ သင်နဲ့ ရုပ်ချင်းတူတဲ့သူ အနည်းဆုံး တစ်ယောက်လောက်တော့ ရှိတတ်ပါတယ်။ အဲဒီလိုပဲ နာမည်ကြီးမင်းသား၊ မင်းသမီးတွေနဲ့ ရုပ်ချင်း တူကြသူတွေရှိပါတယ်။ သူတို့တွေကတော့…

(1) Angelina Jolie  & Chelsea Marr

Chelsea Marr ရဲ့မှုလမျက်နှာဟာ ယခုမျက်နှာမဟုတ်ပါဘူး။ သူမဟာAngelina Jolie နဲ့ ရုပ်ချင်တူချင်တာကြောင့် သူမဟာ မျက်နှာအပြင်  ငယ်ငယ်တုန်းက နှာခေါင်းရိုးကျိုးခဲ့ဖူးတဲ့အတွက် နှာခေါင်းကိုလည်း ခွဲစိတ်ပြုပြင်ထားပြီး lip fillers လည်းလုပ်ထားခဲ့ပါတယ်…

(2) Ed Sheeran & Ty Jones

Ed Sheeran နဲ့ ရုပ်ချင်းအရမ်းတူတဲ့ကောင်လေးကတော့ အသက် (၂၀) အရွယ်ရှိတဲ့ Ty Jones ပဲဖြစ်ပါတယ်…Ed Sheeran ဟာ သူနဲ့ အလွန်ရုပ်တူလွန်းတဲ့ Ty Jones နဲ့ အပြင်မှာ တွေ့ဆုံဖူးပြီး Ty Jones ရဲ့ ဓာတ်ပုံတွေကိုတောင် Save လုပ်ထားခဲ့ဖူးပါတယ်တဲ့….

(3) Taylor Swift & Rose Nicholas

Taylor Swife နဲ့ ရုပ်ချင်းဆင်တူတဲ့ ကောင်မလေးကတော့ Rose Nicholas ပဲဖြစ်ပါတယ်…အမှတ်တမဲ့ကြည့်ရင် လုံးဝခွဲမရအောင် တူတယ်နော်….

(4) Harry Styles & Cecile

နာမည်ကြီးဂီတအနုပညာရှင်တစ်ဦးဖြစ်တဲ့ Harry Style နဲ့ ရုပ်ချင်းဆင်တူတဲ့သူကတော့ ယောက်ကျားလေးတစ်ဦးမဟုတ်ပဲ မိန်းကလေးဖြစ်ပြီး ဒိန်းမိတ်နိုင်ငံမှာနေတဲ့ Cecile ဆိုသူလေးပါပဲ….သူမဟာ Harry Style နဲ့ ရုပ်ချင်းဆင်တူတာကြောင့် တွစ်တာမှာ နာမည်ကြီးနေသူတစ်ဦးပါ…

(5) Leonardo DiCaprio & Konrad Annerud

အသက် (၂၁) နှစ်အရွယ်ရှိ Konrad Annerud ဟာ Barman တစ်ဦးဖြစ်ပြီး သူဟာ Leonardo DiCaprio နဲ့ ရုပ်ချင်ဆင်တူလွန်းတဲ့အတွက် Leo ရဲ့ ပရိသတ်တွေက လူမှားပြီး ဓာတ်ပုံရိုက်ဖို့ထိတောင် ခွင့်တောင်းခံရသူတစ်ဦးပါ…