Kpop အနုပညာရှင်တွေက ကမ္ဘာတစ်ဝန်းလုံးမှာ လူကြိုက်များတဲ့ အနုပညာရှင်တွေအဖြစ် ပါဝင်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ လက်ရှိမှာ တရုတ်နိုင်ငံရဲ့ လူကြိုက်အများဆုံး အနုပညာရှင်တွေအဖြစ် ရပ်တည်နေတဲ့ kpop idol ငါးယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီသတင်းကို allkpop က ဖော်ပြထားတာ ဖြစ်ပါတယ်။
UNIQ Wang Yibo
UNIQ အဖွဲ့ဟာ သီချင်းသစ်တွေ မထွက်ရှိလာတော့တာ 2018 ကတည်းကဆိုပေမယ့် အဖွဲ့ဝင် တစ်ယောက်ချင်းစီကတော့ တရုတ်နဲ့ ကိုးရီးယားမှာ အောင်မြင်မှုတွေ ရရှိနေခဲ့ပါတယ်။ အထူးသဖြင့် Wang Yibo ဟာ တရုတ်မှာ လူကြိုက်အရမ်းများလာခဲ့ပြီး တဖြည်းဖြည်း နိုင်ငံတကာအထိပါ ထိုးဖောက်လာနေပါတယ်။ နောက်ပြီး သူ့ရဲ့ အကစွမ်းရည်ကိုလည်း ချီးကျူးခြင်း ခံထားရတဲ့ သူဖြစ်ပါတယ်။
GUGUDAN Sally
Sally ဟာ GUGUDAN အဖွဲ့ကနေ ထွက်ခွါပြီးနောက်မှာတော့ ‘Produce Camp 2020’ မှာပါဝင်ခဲ့ပြီး သူမကို Liu Xiening အဖြစ် လူသိများလာခဲ့ပါတယ်။ Sally ဟာ အဲဒီ့ show ပြီးသွားတဲ့နောက်မှာတော့ Chinese girl group ‘BonBon Girls 303’ အဖြစ် ပွဲဦးထွက်လာနိုင်ခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ သူမက တရုတ်ရဲ့ လူကြိုက်အများဆုံးထဲမှာ ပါဝင်လာခဲ့ပါတယ်နော်။
EXO Lay
EXO အဖွဲ့ဝင် Lay Zhang ဟာ 2016 ကတည်းက EXO အဖွဲ့မှာ မပါဝင်တော့ပေမယ့် တရုတ်နိုင်ငံမှာတော့ ပိုပိုပြီး လူကြိုက်များလာခဲ့ပါတယ်။ တရုတ် boy group တွေမှာ Lay ရဲ့ အဆို၊ အက၊ ဂီတထုတ်လုပ်မှုတွေနဲ့ သရုပ်ဆောင်ပိုင်းဆိုင်ရာတွေကို အသိအမှတ်ပြုပြီး အတုယူသင်ကြားပေးမှုတွေ လုပ်ဆောင်တတ်ကြပါတယ်။ ဒီနှစ် သူ့ရဲ့မွေးနေ့မှာတော့ Lay ဟာ သူ့ရဲ့ ကိုယ်ပိုင် music entertainment company ဖြစ်တဲ့ ‘Chromosome Entertainment’ တည်ထောင်လိုက်တဲ့အကြောင်းကို အသိပေးပြောကြားခဲ့ပါတယ်။
BLACKPINK Lisa
BLACKPINK အဖွဲ့ဟာ တရုတ်နိုင်ငံမှာတော့ တကယ့်ကို လူကြိုက်များကျော်ကြားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး အဲဒီ့ထဲမှာမှ Lisa ဟာ ‘Youth With You 2’ အစီအစဉ်မှာ ပါဝင်ခဲ့ပြီးနောက် အရမ်းကို လူကြိုက်များလာပါတယ်။ တရုတ် girl group အဖွဲ့ဝင်တွေကိုလည်း အကစွမ်းရည်တွေတိုးတက်လာဖို့ Lisa က လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ Lisa ဟာ ‘Youth With You 3’ မှာ ပါဝင်လာအုံးမယ်လို့ ခန့်မှန်းနေကြပါတယ်။
GOT7 Jackson
Jackson ရဲ့ လွတ်လပ်ပြီး ထူးခြားတဲ့ တင်ဆက်မှုတွေကြောင့် တရုတ်ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့တာပါ။ နောက်ပြီး သူ့ရဲ့အကပုံစံတွေကိုလည်း အတုယူသင်ကြားတာမျိုး ရှိကြပြီး ကမ္ဘာတစ်ဝန်းက ပရိတ်သတ်တွေ ကြိုက်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
Khin