အခုဆိုရင် Instagram  follower အများဆုံး ရရှိပိုင်ဆိုင်ထားတဲ့ အကောင့်ပိုင်ရှင်(၅)ယောက်ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒီငါးဦးက ဘယ်သူတွေလဲဆိုတော့ ….

(၁) Selena Gomez

Instragm မှာ Follower အများဆုံးပိုင်ဆိုင်ထိုင်ပြီး နံပါတ် (၁) နေရာကို ပိုင်ဆိုင်ထားသူလေးကတော့ အခြားသူမဟုတ်ပါဘူး…သိပ်မကြာခင်အချိန်ကမှာ JB နဲ့ ပြန်ပြီး ရွှေလက်တွဲခဲ့တဲ့ Selena Gomez ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရုပ်သွင်၊ အမိုက်စား ဖက်ရှင်၊ ချိုသာတဲ့ တေးသံတွေနဲ့အတူ Selena Gomez ဟာ Instragm ဘုရင်မနေရာကို follower ပေါင်း (132)သန်းဖြင့် သိမ်းပိုက်ထားတာဟာ အခုဆိုရင် (၇) နှစ်ကျော်ကျော်ရှိနေပါပြီ။

 (၂) Cristiano Ronaldo

ဒုတိယနေရာကို ပိုင်ဆိုင်ထားသူကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးဖြစ်တဲ့ နာမည်ကျော် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ C.Ronaldo ပဲဖြစ်ပါတယ်။ C.Ronaldo ဟာဆိုရင် ဘောလုံးလောကမှာ အောင်မြင်မှုအများအပြားကိုပိုင်ဆိုင်ထားပြီး သူရဲ့ ဂုဏ်သတင်းကျော်ကြားမှုကြောင့် ပရိသတ်အများအပြားရရှိခဲ့ပြီး follower ပေါင်း (118)      သန်းဖြင့် နံပါတ်(၂)နေရာမှာ ရပ်တည်နေပါတယ်။

(၃) Ariana Grande

ဆယ်ကျော်သက်လူငယ်တွေရဲ့ အသည်းစွဲတစ်ဦးဖြစ်တဲ့  Ariana ဟာ သူမရဲ့ ချိုသာတဲ့ တေးသံလေးတွေ၊ ငယ်သွေးကြွတဲ့အလှနဲ့ ချစ်စရာရုပ်သွင်လေးကြောင့် အောင်မြင်မှုတွေကို ပိုင်ဆိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သူမဟာဆိုရင် Instragm မှာ Follower ပေါင်း (116)သန်း  ပိုင်ဆိုင်ထားပြီး နံပါတ် (၃) နေရာမှာ ရပ်တည်နေပါတယ်။

(၄) Beyonce

ရက်ပါ Jay Z နဲ့ အတူအားကျစရာ အချစ်ခရီးလမ်းခရီးဆက်နေပြီး R&B ဂီတလောကမှာ ဆရာမကြီးစာရင်းဝင်တဲ့ Beyonce ဟာ Instagram မှာဆိုရင်လည်း follower (109)သန်း ပိုင်ဆိုင်ထားကာ Instagram ရဲ့ follower အများဆုံး နံပါတ်(၄)နေရာမှာ ရပ်တည်နေပါတယ်။

(၅) Kim Kardashian West

သူမရဲ့ contouring မိတ်ကပ်အစွမ်းကို လူတွေအမြဲချီးကျုးခြင်းခံရတဲ့ အားသာချက်ကိုယူပြီး ကိုယ်ပိုင်နာမည်နဲ့ contouring palette ထုတ်ထားသူတစ်ဦးဖြစ်တဲ့ Kim Kardashian West ဟာဆိုရင်  လက်ရှိ Instagram မှာ follower (105)သန်း ရရှိထားပြီး နာမည်ကျော်ရက်ပ်အဆိုတော် Kanye Westနဲ့လည်း မိန်းကလေးတိုင်းအားကျရတဲ့သာယာအေးချမ်းတဲ့ မိသားစုဘ၀လေးကို ဖန်တီးထားနိုင်သူတစ်ဦးပါ။