Moon Chaewon က တော့ ပရိသတ်ကြားမှာ နာမည်ကြီးနေတဲ့ ‘Flower of Evil’ ဆိုတဲ့ ဇာတ်ကားထဲက မင်းသမီး ချောပါ။ဒီဇာတ်ကားထဲမှာတော့ သူမက ထက်မြက် ထူးချွန် တဲ့ စုံထောက် အရာရှိ တစ်ယောက် နေရာ က နေ ပါဝင်ထားတာပါ။ဇာတ်ကားထဲမှာ တော့ မင်းသား Lee Junki ရဲ့ ဇနီးနေရာက ပါဝင်ထားပါတယ်။ Lee Junki က တော့ kiss scene တွေ မှာ အရမ်းကို ဆရာကျ လွန်းတယ်ဆိုပြီး အသိအမှတ်ပြုခံထားရသူပါ။ Moon Chaewon က တော့ ဒါနဲ့ ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာ ပြောပြခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားတာပါ။

Moon Chaewon ရဲ့ အခင်ဆုံးသူငယ်ချင်းက Lee Junki ရဲ့ Fan ပါ။ဒါကြောင့် သူမနဲ့ Lee Junki တို့ရဲ့  အနမ်းဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး သူငယ်ချင်း ဖြစ်သူက အ သေးစိတ် စစ်စစ်ပေါက်ပေါက် စပ်စုတာ မျိုးကို တောင် ခံခဲ့ရတယ်လို့  ‘Live Chatting’ session မှာ ပြောခဲ့ပါတယ်။(၂၀၀၅)တုန်းက ‘The King and the Clown’ ဇာတ်ကားထဲက သူမရဲ့ သူငယ်ချင်း က Lee Jingki ကို အားပေးလာခဲ့တာပါ။ဒါ ကြောင့်လည်း သူမ နဲ့ Lee Jingki ဇာတ်ကားတွဲရိုက် တော့ သူငယ်ချင်းဖြစ်သူက အရမ်းစပ်စပ်စုခဲ့တာပါ။အသိချင်ဆုံး အပိုင်းက နမ်းတဲ့ ဇာတ်ဝင်ခန်း အ ကြောင်းဖြစ် နေခဲ့တာပါ။

“ကျွန်မ သူငယ်ချင်းက ပြောတယ်။နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ က ကြည့်ရတာ ကောင်းတယ်။ကျွန်မ တို့ ဒီအ ကြောင်းကို အကြာကြီး ပြောဖြစ်တယ်။ကျွန်မ သူငယ်ချင်းက လည်း ကျွန်မကို မေးခွန်းတွေ မေးတာ အများကြီးပဲ။သူ မေးတဲ့ မေးခွန်းတွေကို ဒီနေရာမှာ ထုတ်ပြော လို့ ရမယ် မထင်ဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။ Moon Chaewon ရဲ့ စကားအဆုံးမှာ တော့ စတူဒီယိုထဲက လူတွေအားလုံး ရယ် မော ခဲ့ ကြပါတယ်။ဘယ်လို မေးခွန်းတွေကို ဘယ်လောက်ထိ အတွင်းကျကျ တွေ မေးထားလဲ ဆိုတာကို တော့ ထုတ် ပြော လို့ အဆင် မ ပြေ လို့ မ ပြောပြခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။’Flower of Evil’  ဇာတ်သိမ်းပိုင်းကိုတော့ စက်တင်ဘာ (၂၃) မှာ ပြသ မှာပါ။

#CELENOW