Miss universe Myanmar 2013 အလှမယ်လေး မိုးစက်ဝိုင်ကတော့ လက်တလောမှာ တရုတ် နိုင်ငံကို ရောက် နေပါ တယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို အလည်သွားတဲ့ သူမရဲ့ ပုံလေးတွေကို fb မှာ ဝေမျှထားပါတယ်။ မိုးစက်က သူမရဲ့ ရှန်ဟိုင်း ခရီးစဉ်မှာ သူမ၀တ်ဆင်ထားတဲ့ ၀တ်စုံလေးတွေနဲ့ သွားရောက်ဖြစ်ခဲ့တဲ့ နေရာလေးတွေရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားစရာ ကောင်းအောင် ရှင်းပြထားပါတယ်။

“အားလုံးကိုသတိရပါတယ်လို့ မိုးစက် ခုရှန်ဟိုင်းမြို့ကိုရောက်နေပါပြီ ..

မိုးစက်ဝတ်ထားတာရှန်ဟိုင်းရဲ့ကိုလိုနီတွေ ဂျပန်တွေစတင်ဝင်ရောက်ချိန်ကဝတ်ကြတဲ့ ချီဖောင်( မြန်မာလို ပိုင်ဟွေ့ အင်္ကျီလေးပေါ့ )
မနဲရှာဝယ်ထားရတာ .. အဲ့ခေတ်တုံးက ရှန်ဟိုင်းမှာ မိန်းကလေးတိုင်းဒီလိုလေးတွေဝတ်တယ် . ခုတော့ ရှားသွားပါပြီ…” ဆိုပြီး ပိုင်ဟွေ့အကျီင်္လေးကို ၀တ်ပြီး ပုံလေးတွေကို တင်ထားပါတယ်။

“ရှန်ဟိုင်း ၁၉၂၀ ခုနှစ်သို့ သွားလည်ခြင်း .

ရှန်ဟိုင်းဟာ ၁၉၂၀ ဝန်းကျင်လောက်မှာ ဂျပန်တွေကိုကျောင်းသူ, ကျောင်းသားလေးတွေဝိုင်း တော်လှန်ကြတာရုပ်ရှင်ထဲမှာတွေ့ဖူးမှာပါ .

အဲ့ခေတ်တုန်းကရှိခဲ့တဲ့ အဆောက်ဦးတွေ , ရွာ, မြိုးဟောင်လေးနေတွကိုသူတို့ ကပြန်ပြုပြငိပြီး”ရှေးဟောင်းရှန်ဟိုင်းသို့ တမ်းတခြင်း” ဆိုတဲ့ နာမည်လေးနဲ့ သေချာထိန်းသိန်း ပြသထားပါတယ် . တဖက်ကနေလည်းလည်း ရုပ်ရှင် စတူဒီယို ရိုက်ဖို့အတွက် အထောက်ကူပေးပါတယ် .ဒါကြောင့်မလို့ရှိသမျှ ရှန်ဟိုင်းဂျပန် တော်လှန်ရေးကားတွေထဲမှာ ဒီ ထဲက အဆောက်ဥံတွေ, တံတားတွေကမပါမဖြစ်ပါပဲ .

ရှန်ဟိုင်းမြို့ကနေပြီး ၁ နာရီလောက် ကားနဲ့ သွားရပါတယ် .
ကဲ ဝိုင်နဟောလသ်လေးများ ရှန်ဟိုင်းရောက်ရင် သွားလည်ကြနော် . .” ဆိုပြီး ရှန်ဟိုင်းဂျပန်တော်လှန်ရေးကားတွေထဲမှာ မကြာခဏ တွေ့ရတဲ့ နေရာလေးကိုလဲ အလည်သွားရောက် ခဲ့တာကို တွေ့ရပါတယ်။

မိုးစက်ကတော့ MV တစ်ချို့မှာ ပါဝင်သရုပ်ဆောင်နေပြီး အခုဆိုရင် ဇာတ်ကားပါ ရိုက်လာတာကိုတွေ့ရပါတယ်။ရုပ်ရှင်ကား အနေနနဲ့ “ပက်ပက်စက်စက်ညှို့” မှာ နေတိုး၊ရွှေထူးတို့နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့ပါတယ်။

from မိုးစက်ဝိုင်