ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ အမျိုးသမီး အနုပညာရှင် မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလောကမှာ သိပ်ပြီးတော့ မတွေ့ရတော့ပေမယ့်လည်း ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ကလေးတစ်ယောက် မိခင်ဖြစ်နေပေမယ့်လည်း အရင်ကလို လှမြဲလှဆဲ မင်းသမီးတစ်ယောက်ဖြစ်တဲ့ မိုးယုစံကတော့ ဖေစ့်ဘုတ်ပေါ်မှာ သူမရဲ့ အလှဓါတ်ပုံလေးတွေကို အမြဲတင်ပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မိုးယုစံက ဒီကနေ့မှာလည်း ခပ်မိုက်မိုက် ဒီဇိုင်းလေးနဲ့ လန်းနေတဲ့ ဓါတ်ပုံလေးတွေကို တင်ပြီး “ခေးမေ ဆိုပေမဲ့ လှအောင်နေလို့ ရပါသေးတယ် ခုခေတ်က ခေးမေတွေလည်း လှနေတဲ့ခေတ် ဟုတ်လား ခေးမေတို့ရေ..” လို့လည်း ရေးထားပါသေးတယ်။

မိုးယုစံကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ခေးမေမေ မိုးယုစံရဲ့ အမိုက်စားဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source:Moe Yu San