ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိလာတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက် အနုပညာလောကမှာ အရင်ကလောက် သိပ်မတွေ့ရတော့ပါဘူး။ ဒါပေမဲ့လည်း မိုးယုစံက ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ နေ့စဉ်ဘဝအကြောင်းအရာလေးတွေကို မျှဝေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။

မိုးယုစံက ဒီကနေ့မှာလည်း ပရိသတ်တွေတိုင်းချစ်ကြတဲ့ သူမရဲ့ သားလေး Austin ရဲ့ ဓါတ်ပုံလေးတွေကို ဝေမျှထားပါသေးတယ်။ ပရိသတ်တွေကတောင် ဖိုးပြုံးချိုလို့ နာမည်ပေးရလောက်အောင် အရမ်းကို မျက်နာချိုတဲ့ Austin လေးရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူတိုင်းကို အပြုံးတွေ ကူးစက်စေမှာပါ။

ချစ်စရာကောင်းလွန်းတဲ့ Austin လေးနဲ့ မိုးယုစံရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Moe Yu San