(၆)နှစ်ကျော်ကြာမြင့်ခဲ့တဲ့ သမီးရည်းစားဘဝကို ပြတ်စဲလိုက်ပြီးဖြစ်တဲ့အကြောင်းကို အဆိုတော် ရွှေထူးက သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ Live လွှင့်ရင်းနဲ့ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေတိုင်းရဲ့ အချစ်တွေကိုရရှိထားပြီး လူငယ်တွေ အားကျရတဲ့ စုံတွဲတစ်တွဲလည်း ဖြစ်တဲ့ ရွှေထူးတို့စုံတွဲရဲ့ ပြတ်စဲမှုကတော့ ပရိသတ်တွေကိုလည်း အတော်လေး စိတ်ထိခိုက်စေခဲ့ပါတယ်။

သူတို့စုံတွဲအတွက် စိတ်မကောင်းဖြစ်ရတဲ့ သူတွေထဲမှာတော့ မိုးစက်ဝိုင်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ရွှေထူးရဲ့ Live မှာ ရွှေထူးတို့စုံတွဲအတွက် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းကို “I am so sorry 😢 everything happens for a reason . I still love both of u .”လို့ရေးသားခဲ့တာဖြစ်ပါတယ်။

မိုးစက်ဝိုင်ကတော့ ရွှေထူးနဲ့အတူ အနုပညာအလုပ်တွေလည်း အတူတွဲလုပ်ခဲ့ပြီး အရမ်းကိုခင်မင်ကြတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ “ပက်ပက်စ်က်စက်ညို့”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Source: Moe set Wine, Shwe Htoo