နာမည်ကျော် သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ မိုးဟေကိုကိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ သိပ်ပြီး တွေ့ရလေ့မရှိပါဘူး။ ဒါပေမဲ့လည်း မိုးဟေကိုကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အမြဲရရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာလည်း ဓါတ်ပုံဆရာတစ်ဦး ရိုက်ပေးထားပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတဲ့ မိုးဟေကိုရဲ့ ဓါတ်ပုံတွေကတော့ ပရိသတ်တွေကြား ပျံနှံ့လို့နေပါတယ်။

မိုးဟေကိုကတော့ အဖြူရောင်ဂါဝန်လေး ဝတ်ထားပြီး ရိုးရိုးရှင်းရှင်းလေး ပြင်ဆင်ထားပေမယ့်လည်း အရမ်းကို ဆွဲဆောင်မှုရှိလွန်းပြီး လှနေပါတယ်။ မိုးဟေကိုကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ မိုးရဲ့ အလှမှာ ကြွေဆင်းနေကြပါပြီ။

ပရိသတ်တွေတိုင်း သဘောကျနေကြတဲ့ မိုးဟေကိုရဲ့ ဓါတ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Oak Karr