မိုးဟေကိုကတော့ ဗီဒီယိုခေတ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ပါ။ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေမှာ တွေ့ရနည်းပေမဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

facebook
facebook

အမြဲနုပျိုလှပနေတဲ့ မင်းသမီးချောမိုးဟေကိုတော့ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ အသက် ၃၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သူမကတော့ မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့အကြိုအလှူပွဲတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။ဒီကနေ့မှာလည်း ရန်ကုန်ဆေးရုံကြီးမှာ လူ၆၀၀ စာမနက်စာဆန်ပြုတ် နဲ့ နေ့လည်စာ၊ရန်ကုန်ကလေးဆေးရုံကြီးမှာ
ကလေးအယောက်၂၀၀အတွက် ဆေးဖိုးအလှူငွေတွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

facebook
facebook
facebook

ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တဲ့ မိုးဟေကိုရဲ့ အလှပုံရိပ်တွေကတော့ မြင်ရသူ ပရိသတ်တွေတိုင်းကိုလည်း စိတ်ကြည်နူးစေမှာပါ။ ပရိသတ်တွေအတွက် မိုးရဲ့ အလှူဒါနပြုလုပ်နေတဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ သာဓုခေါ်ပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

facebook
facebook
facebook

SOurce: Moe Hay Ko