အရမ်းကို ချောမောလှပပြီး ငယ်ငယ်လေးကတည်းက အောင်မြင်မှုတွေ ရရှိနေတဲ့ Ellen Gross ဟာ မော်ဒယ်၊ social media star တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပြီး သူမရဲ့ instagram အကောင့်မှာလည်း followers တွေများစွာ ရရှိထားသူလည်း ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Ella G. 🦋 (@ellagross) on

Ellen Gross ကို January 20, 2008 ခုနှစ် United State မှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟ ခုဆိုရင် အသက် 12 ပဲ ရှိသေးတယ်ဆိုပေမယ့် အောင်မြင်တဲ့ model စာရင်းမှာ တစ်ယောက်အဖြစ် ပါဝင်နေပါတယ်။

 

 

View this post on Instagram

 

A post shared by Ella G. 🦋 (@ellagross) on

Ellen ရဲ့ အမေက ကိုးရီးယား ဖြစ်ပြီး အဖေကတော့ အမေရိကန် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Ellen ဟာ အရမ်းကို လှပတဲ့ ကိုးရီးယားအမေရိကန်ကပြားမလေး တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမမှာ ချစ်စရာကောင်းတဲ့ မောင်လေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူမမောင်လေးရဲ့ နာမည်က‌တော့ Roman ဖြစ်ပြီး သူမက မောင်ဖြစ်သူကို အရမ်းလည်း ချစ်ခင်ပါတယ်။

 

 

View this post on Instagram

 

A post shared by Ella G. 🦋 (@ellagross) on

သူမက မော်ဒယ်၊ သရုပ်ဆောင် အလုပ်တွေကို လုပ်ကိုင်ရတာအပြင် ဂီတာတီးတာ၊ ကတာနဲ့ စကိတ်စီးရတာတွေကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါ။ နောက်ပြီး စာဖတ်ရတာကိုပါ နှစ်သက်ပါသေးတယ်။ သူမက အသက်နှစ်နှစ် အရွယ်ကတည်းက magazine cover အတွက် မော်ဒယ်အဖြစ် ရိုက်ကူးပေးခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Ella G. 🦋 (@ellagross) on

Ellen က Barbie, Adidas, Zara Kids, Fendi နဲ့ တစ်ခြားသော brand တွေရဲ့ brand တွေကို ကြော်ညာပေးထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ 2018 ခုနှစ်မှာတော့ သူမက YG Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အဆို၊ အက၊ သရုပ်ဆောင်ပိုင်းနဲ့ မော်ဒယ်အလုပ်တွေအထိကို ပြုလုပ်နိုင်ဖို့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ Ellen Gross က ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ထားခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

Khin