Memory Lost ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ယောက်ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။သူ့နာမည်ကတော့ Nan Fulong ပါ။သူ့ရဲ့ Nickname ကေ တာ့ Poker Face ပါ။

သူ့ရဲ့ တရုတ်နာမည်ရဲ့ အဓိပ္ပါယ်ကတော့ “ပုန်းအောင်းနေတဲ့ နဂါး” လို့ အဓိပ္ပါယ်ရပါတယ်။ Me mory Lost မှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် Bai Yu and Yang Rong တို့က ပါဝင် သရုပ်ဆောင်ထားတာပါ။ရာဇ၀တ်မှုဆိုင်ရာ ဇာတ်ကားမျိုးပါ။

 

သူဟာ(၂၀၀၈)ခုနှစ်တုန်းကဆိုရင် တူရကီနိုင်ငံမှာ ကျင်းပတဲ့ World’s Best Model Contest ပြိုင်ပွဲမှာ စတုတ္ထဆုနဲ့ Most Photogenic ဆုကို ရရှိခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ ထိပ်တန်း profe ssional fashion models စာရင်းမှာလည်း ပါဝင်နိုင်ခဲ့ပါတယ်။သရုပ်ဆောင်လောကထဲကိုတော့ (၂၀၁၃) တုန်းက ၀င်ရောက်လာခဲ့ပါတယ်။

Memory Lost မှာတော့ Poker Face  က နှလုံးသားလှပေမယ့် ကြမ်းတမ်းခတ်ထန်တဲ့ ဇာတ်ကောင် ပုံမျိုးနဲ့ သရုပ်ဆောင်ခဲ့တာပါ။သူအထက်တန်းတုန်းကဆိုရင် ပေါင်ချိန် (၂၀၆) ပေါင် အထိ ၀ခဲ့ဖူးပါတယ်။နောက်ပိုင်းမှာတော့ ကြိုးစားဝိတ်ချခဲ့တာပါ။gym ကစား၊အစားအသောက် တွေကို လျှော့ခဲ့တာပါ။တစ်နေ့မှာ ပန်းသီးငါးလုံးစားတဲ့ diet ကို နှစ်လလောက် လုပ်ပြီး ၀ိတ်ချ ခဲ့တာလို့သိရပါတယ်။

 

from dramfever

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။