လူငယ်ပရိသတ်တွေကြားရေပန်းစားတဲ့  မိန်းကလေး ရပ်(ပ်)အဆိုတော်တစ်ဦးဖြစ်တဲ့ မိစန္ဒီကတော့ သီချင်းကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုပြီး အောင်မြင်တဲ့ အဆိုတော်ဘဝမှာ ခိုင်မာစွာရပ်တည်နေသူ တစ်ဦးဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၃)ရက်နေ့မှာတော့ ရပ်(ပ်)အဆိုတော် မိစန္ဒီဟာ သူမရဲ့ ပရိသတ်တွေအတွက် “ဦးနှောက်မဲ့ ငတုံး”ဆိုတဲ့ သီချင်းအသစ်လေးကို အင်တာနက်ပေါ်မှာ တင်ပေးခဲ့ပါတယ်။ အဆိုပါ သီချင်းဟာ လူကြိုက်များခဲ့ပြီး၊ ထိမိတဲ့ စာသားတွေနဲ့ ရေးဖွဲ့ထားပါတယ်။

ဒီသီချင်းမှာ နာကျည်းစရာ၊ လွမ်းစရာ၊ မုန်းစရာတွေ ဖွဲ့သီထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး လူ​တွေဟာ တခါတ​လေ အချစ်​နဲ့ ပတ်​သတ်​လာရင်​ ဥာဏ်​​တွေနည်းပြီး “ဦး​နှောက်​မဲ့ ငတုံး​” ​တွေ ဖြစ်​သွားတတ်​တယ်ဆိုတဲ့ အကြောင်းကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။

“ဦးနှောက်မဲ့ငတုံး” ရဲ့ Lyrics ဗီဒီယိုကိုတော့ မိစန္ဒီရဲ့ ဖေစ်ဘုတ်ပေ့ဂ်ျမှာ တင်ပေးထားတဲ့ အတွက် “ဦးနှောက်မဲ့ငတုံး” ရဲ့ အမိုက်စားရပ်(ပ်)စာသားတွေကို Lyrics ဗီဒီယိုမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Source: Mi Sandi