မြန်မာ့ရုပ်ရှင်လောကမှာတော့ မင်းဦးဟာ ခပ်ကြမ်းကြမ်း ဗီလိန်ဇာတ်ရုပ်တွေမှာ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်တာတွေကြောင့် ပရိသတ်တွေရဲ့ နှစ်သက်အားပေးမှုကိုရရှိနေသူ တစ်ဦးပဲဖြစ်ပါတယ်။ ၀ါရင့်အနုပညာရှင်တစ်ဦးပီသစွာ ကျရာ ဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့လို့လည်း “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဇာတ်ပို့သရုပ်ဆောင် အကယ်ဒမီဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သရုပ်ဆောင်မင်းဦးဟာ ရှုတင်နားတဲ့ရက်တွေမှာလည်း ဘုရားသန့်ရှင်းရေးတွေလုပ်ပြီး ကုသိုလ်ယူလေ့ရှိတယ်လို့ သိရပါတယ်။ အခုလည်း လွန်ခဲ့တဲ့ (၁)နှစ်ဖြစ်တဲ့ ဇွန်လ(၆)ရက် (၂၀၁၇)ခုနှစ်က ပုံကို ဂုဏ်ယူစွာနဲ့ ပြန်ရှယ်ထားတာ ဖြစ်ပြီးအကယ်ဒမီမင်းဦး သန့်ရှင်းရေးလုပ်တဲ့ ဘုရားကတော့ ရွှေနန်းသွင်းဘုရားဖြစ်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီး သတင်း သုံးခဲ့တဲ့ ကျောင်းတိုက်ကိုလည်း သန့်ရှင်းရေး လုပ်ခဲ့ပါသေးတယ်။ မင်းဦးရဲ့ လက်တွဲဖော်ဖြစ်တဲ့ မခိုင်ဝေသူကလည်း အတူ ပါရမီဖြည့်ပေးနေတာကို တွေ့ရမှာပါ။

အကယ်ဒမီမင်းဦးက သူ့ရဲ့ ဖေ့ဘုတ်ပေါ်မှာတော့ …  “ရူတင်နားတဲ့နေ့🎥
ဘုရားသန့်ရှင်းရေး😊
ရွှေနန်းသွင်းဘုရား🙏🙏
ဆရာတော်ဘုရားအားဆွမ်းကပ်🙏
၇ရက်သားသမီးအပေါင်း ကျန်းမာ ချမ်းသာ လိုရာဆန္ဒတွေပြည့်စုံကြပါစေ🙏” လို့ ရေးထားတာကို တွေ့ရပါတယ်။

အကယ်ဒမီမင်းဦးကို ချစ်တဲ့ ပရိသတ်တွေလည်း အားလပ်ရက်မှာ ကုသိုလ်ယူနေတဲ့ မင်းဦးရဲ့ ပုံလေးတွေကြည့်ရင်း ကြည်နူးနိုင်ကြပါစေ။

Source : MinOo