ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အသဲစွဲမင်းသားကြီး တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ မင်းသားကြီး မင်းဦးကတော့ အနုပညာအလုပ်တွေကို မနားတမ်း ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ သူကတော့  ဖေ့စ်ဘုတ်ပေါ်မှာ သူ့ရဲ့ နေ့စဉ်ဘဝအကြောင်းအရာလေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်ဝေမျှတတ်တဲ့ သူတစ်ဦးဖြစ်ပါတယ်။

သူကတော့ သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ဧပြီလ (၈)ရက်နေ့ကလည်း ဝိသာခါဖောင်ဒေးရှင်းကနေပြုလုပ်တဲ့ သင်္ကြန်ပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေအတွက် ပြန်လည်ဝေမျှထားပါတယ်။

မင်းဦးကတော့ သူရဲ့ ချစ်ဇနီးနဲ့အတူ ဝိသာခါ Water Festival ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် လိုက်ဖက်လွန်းလှတဲ့ မင်းဦးတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Min Oo