Michael B. Jordan ကတော့ Black Panther ထဲ ဗီလိန်လုပ်ရင်းနဲ့မှ ကမ္ဘာကျော်သွားခဲ့တဲ့ သရုပ်ဆောင်ပါ။ Black Panther အပြင်ကိုမှ Creed ဇာတ်လမ်းနဲ့လည်း တော်တော်လေးကို နာမည်ကြီးနေပါသေးတယ်။ ၂၀၂၁ အတွက် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားတစ်ဦးအဖြစ် ရွေးချယ်ခံထားရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပြန်ပါသေးတယ်။
View this post on Instagram
တစ်လျှောက်လုံး ဘယ်မိန်းကလေးနဲ့မှ သတင်းတောင် မထွက်ဖူးတဲ့ မေမေ့ချစ်သားလေး Michael B. Jordan ကတော့ ဈေးဦးပေါက်သွားခဲ့ပါပြီ။ ချစ်သူကောင်မလေးကတော့ Lori Harvey ပါတဲ့။
View this post on Instagram
အသက် ၂၃ နှစ်အရွယ် Lori Harvey ဟာ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ စွယ်စုံရအနုပညာရှင် Steve Harvey ရဲ့ သမီးလေးပါ။ Steve Harvey ကိုတော့ သူ့ရဲ့ ဟာသတွေ၊ talk show တွေအပြင် မင်းသား၊ presenter အဖြစ်၊ စာရေးဆရာအဖြစ် အားလုံးက သိထားကြမှာပါ။ သားသမီး ၇ ယောက်ရှိတဲ့ အထဲကမှ Lori ဟာလည်း တစ်ယောက်အပါအဝင်ပါပဲ။
View this post on Instagram
View this post on Instagram
View this post on Instagram
Lori ကိုယ်တိုင်ဟာ မော်ဒယ်အဖြစ်ရပ်တည်နေပြီးတော့ social media ပေါ်မှာလည်း လူသိများသူတစ်ဦးဖြစ်နေပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ Lori ကိုယ်တိုင် Michael B. Jordan နဲ့ ပုံလေးတွေကို တင်ခဲ့ပြီးတော့ သူတို့ရဲ့ relationship ကို အတည်ပြုလိုက်ခဲ့တာပဲဖြစ်ပါတယ်။
ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားရဲ့ ချစ်ခြင်းတွေခံနေရလို့ Lori Harvey လေးကတော့ တော်တော်လေးကို ကံကောင်းနေရှာပါတယ်။ ကိုယ်အပါအဝင် Michael B. Jordan အပြုံးတွေအောက် ကျရှုံးခဲ့တဲ့ အမျိုးသမီးထုကြီးကတော့ အသည်းကွဲပေါ့။
View this post on Instagram
View this post on Instagram
penny