ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေဆဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မယ်လိုဒီကတော့ အနုပညာလောကမှာ သိပ်ပြီးမတွေ့ရတော့ပေမဲ့ ဖေ့စ်ဘုတ်ပေါ်ကနေ သူမရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်နေတတ်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ မယ်လိုဒီက ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ အတွေ့အကြုံတွေကို ပရိသတ်တွေဆီ ပြန်လည်ဝေမျှပေးတတ်သလို ခံစားချက်တွေကိုလည်း ရေးပြီး တင်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

မယ်လိုဒီက ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပိုက်ဆံ၊ အချစ် နဲ့ ဘဝအကြောင်းလေးကို ဝေဖန်ပိုင်းခြားပြီး စာရေးတင်ခဲ့ပါသေးတယ်။

မယ်လိုဒီက “ဘဝမှာအချစ်ရှိဖို့လိုသလို ပိုက်ဆံရှိဖို့လဲလိုတယ် ခေးမေတော့ ကြိုးစားနေပါတယ်”လို့လည်း ရေးသားထားပါသေးတယ်။ ပုံမှာ တွေ့ရတဲ့အတိုင်း သူမရဲ့ အတွေးတွေကို ဝေမျှထားတဲ့ စာအပြည့်အစုံကတော့ မှတ်သားစရာတစ်ခုပါပဲ။

မယ်လိုဒီကတော့ လတ်တလောမှာလည်း နေမကောင်းဖြစ်ပြီး သွေးဖောက် သွေးစစ်ရတဲ့ အခြေအနေအထိရောက်ခဲ့ပါသေးတယ်။ လတ်တလောမှာတော့ အနည်းငယ်သက်သာနေပြီလို့လည်း သိရပါတယ်။ ပရိသတ်တွေလည်း မယ်လိုဒီကို အမြန်ဆုံးနေကောင်းဖို့ ဆုတောင်းပေးလိုက်ပါဦးနော်။

Source: Melody