ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော မယ်လိုဒီကတော့ သူ့ရဲ့ ချစ်ရသူ ခင်ပွန်းနဲ့ အိမ်ထောင်သက်တမ်း (၄)နှစ်ပြည့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ ခေးလေးမေမေ မယ်လိုဒီကတော့ အရမ်းကိုပျော်နေတဲ့ ပုံပါပဲနော်။ ဓါတ်ပုံတွေတိုင်းမှာ ပြုံးရွှင်နေတာပါပဲ။

မယ်လိုဒီနဲ့ သူမရဲ့ ချစ်ခင်ပွန်းကတော့ သူငယ်ချင်းဘဝကနေ ချစ်သူ၊ ချစ်သူဘဝကနေ ဇနီးမောင်နှံတွေဖြစ်လာကြတဲ့ သူတွေလည်းဖြစ်ပါတယ်။ မယ်လိုဒီက အခါအလျင်းသင့်သလိုလည်း သူ့ချစ်ခင်ပွန်းရဲ့ အကြောင်းတွေကို အင်တာဗျူးတွေမှာ ပြောပြပေးတတ်ပါသေးတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံနှစ်ဦး ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် မယ်လိုဒီတို့ ဇနီးမောင်နှံရဲ့ ဓါတ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Melody Myo