မေသက်ခိုင်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပါ။ ဒါပေမယ့် သူမက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကျောခိုင်းပြီး ပညာရေးဘက်ကို ဦးလှည့်နေပါတယ်။ သူမဟာ လက်တလောမှာတော့ မောင်ဖြစ်သူရဲ့ ဘွဲ့နှင်းသဘက်ကို တက်ရောက်ဖို့ အမေရိကန်ကို ရောက်နေပါတယ်။ Yale တက္ကသိုလ်ကို မောင်လေးနဲ့ အတူ ရောက်နေတဲ့ ပုံလေးတွေကိုလည်း fb မှာ ဝေမျှထားပါတယ်။

မေသက်ခိုင်ရဲ့ ဖေဖေကတော့ သူမအသက် (၁)နှစ်ခွဲထဲက နိုင်ငံခြားကို ထွက်သွားပြီး (၅)တန်းနှစ်မှာတော့ ဖခင်ဖြစ် သူက နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ အဖေကို မမြင်ဖူးလို့ မင်္ဂလာဆောင်မှာ သွားကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခု ထိ သူမရပ်တည်နေနိုင်တာဟာ အမေဖြစ်သူကြောင့်ပါဆိုပြီး မေသက်ခိုင်က အခုလို ရင်ဖွင့်ထားပါတယ်။

“အမေချစ်သမီးပဲဖြစ်ချင်တယ်

အသက် ၁ နှစ်ခွဲထဲက နိုင်ငံခြားထွက်သွားတဲ့အဖေ
၅ တန်းနှစ်မှာ နောက်အိမ်ထောင်ထပ်ပြုတဲ့အဖေ
အဖေကိုမမြင်ဖူးလို့ သူတို့မင်္ဂလာဆောင်မှာ
၄၅ မိနစ်လောက် သွားကြည့်ခဲ့ရတယ်
ဘေးကဖြတ်သွားရင်တောင်မမှတ်မိနိုင်ဘူး
အဲ့ဒီမင်္ဂလာဆောင်မှာပဲ အဖေကသူနဲ့လိုက်နေဖို့ခေါ်တယ်
တစ်ခါမှမမြင်ဖူးတဲ့လူကြီးနဲ့လိုက်သွားဖို့မစဉ်းစားသလို
သိတတ်တဲ့အရွယ်မရောက်သေးတဲ့သမီးကို
မိထွေးနဲ့မထားနိုင်ဘူးဆိုတဲ့စကားနဲ့
အမေကမပေးခဲ့ဘူး

ဘဝတစ်လျှောက်လုံး အမေကပဲပြုစုပျိုးထောင်ပေးခဲ့တာ
အခုအချိန်အထိအသက်ရှင်နေထိုင်ပြီးအလုပ်တွေလုပ်နေနိုင်တာ
ကျောင်းတွေတက် ခရီးတွေထွက်နိုင်တာ
အမေ့ကျေးဇူးတွေပဲ

တစ်သက်လုံးမှာ အဆက်အသွယ်မလုပ်ခဲ့တဲ့အဖေက
အသက် ၂၈ နှစ်ရောက်မှ လာဆက်သွယ်လို့
အခုအဖေနဲ့ခဏလာတွေ့တယ်
အဖေခေါ်လို့လာတယ် အဖေကလည်းချစ်ပါတယ်

ငယ်ငယ်ကအဖေ့ကိုမုန်းတဲ့ကိုယ်က
ဘုရားရှိခိုးအမျှဝေရင်တောင် အဖေနေရာကိုချန်ပြီးရွတ်ခဲ့တယ်
အဲ့ဒီအမူအကျင့်ကို အမေကသိသွားတော့ပြန်ပြောင်းပေးခဲ့တယ်
အဖေဟာအဖေပဲ ဆိုပြီး အကောင်းမြင်စိတ်နဲ့
အေးချမ်းအောင်ပြောပေးဆုံးမပေးခဲ့တယ်

အခုအချိန်အထိအသက်ရှင်ရပ်တည်နိုင်တာ
အမေဆိုတဲ့မိန်းမတစ်ယောက်ရဲ့အင်အားနဲ့ပါ

ကိုယ့်လမ်းကိုယ်လျှောက်တာချင်းတူပေမဲ့
သမီးတစ်ယောက်ကိုကျောပိုးပြီးလျှောက်ပေးခဲ့လို့
မေကြီးကိုကျေးဇူးတင်ပါတယ်…” ဆိုပြီး တင်ထားပါတယ်။Post ရဲ့ အောက်မှာတော့ အားလုံးက မေသက် ခိုင်ရဲ့ မေမေကို လေးစားချီးကျူးစကားတွေ ဆိုထားတာကိုတွေ့ရပါတယ်။

from မေသက်ခိုင်