နာမည်ကျော် မိတ်ကပ်အလှကုန်တစ်ခုဖြစ်တဲ့ Bella ကတော့ ပရိသတ်တွေရဲ့ အသဲကျော် မင်းသမီးနှစ်ဦးနဲ့အတူ Bella Product ကြော်ငြာကို ရိုက်ကူးခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ လူတိုင်းချစ်ကြတဲ့ မင်းသမီးကြီး အကယ်ဒမီ မေသန်းနုနဲ့ မင်းသမီးေ်ချာ ရွှေမှုံရတီတို့ပဲ ဖြစ်ပါတယ်။

မင်းသမီးကြီး မေသန်းနုကတော့ အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလွန်းနေတာကိုဓါတ်ပုံထဲမှာ တွေ့ရမှာပါ။ မင်းသမီးချော ရွှေမှုံရတီနဲ့အတူ လည်း အလှချင်းပြိုင်ပြီး အရမ်းကို လှနေပါတယ်။ ရွှေမှုံရတီရဲ့ ဆံပင်ပုံစံလေးကလည်း သူမနဲ့အရမ်းကို လိုက်ဖက်လွန်းနေပါတယ်။

မေသန်းနုနဲ့ ရွှေမှုံရတီတို့နှစ်ဦးကို တော့ ပထမဆုံးအကြိမ်အဖြစ် ရိုက်ကွင်းတစ်ခုထဲမှာ အတူတူတွေ့ရတာဖြစ်ပြီး သူတို့နှစ်ဦးရိုက်ကူးထားတဲ့ ကြော်ငြာလေးကိုတော့ ပရိသတ်တွေက စိတ်ဝင်တစား စောင့်မျှော်နေကြမှာပါ။

Source:Bella