ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုအပြီးမှာတော့ အောင်ရဲထွေးရဲ့သေဆုံးမှုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အဆက်မပြတ်ထွက်ပေါ်လျက်ရှိပါတယ်။ ဒီကောလာဟလတွေမှာ နာမည်ပါလာခဲ့တဲ့သူတွေကလည်း ပြန်လည်ရှင်းလင်းခဲ့ကြပါတယ်။

ဒီရိုက်နှက်မှုဖြစ်တဲ့အချိန်မှာ အောင်ရဲထွေးရဲ့ ဘေးမှာရှိနေတဲ့ အောင်ရဲထွေးရဲ့ချစ်သူ မေဖူးမောင်ကလည်း သေဆုံးမှုနဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက်တူတူ ကနေကြပြီး နှစ်ယောက်လူကွဲသွားတဲ့ အချိန်မှာ တစ်ယောက်ယောက်က စောင့်တွန်းလိုက်တာကို ခံလိုက်ရပါတယ်လို့ ဆိုပါတယ်။ အောင်ရဲထွေးကိုယ်တိုင်က သူ့ကိုထိမှာစိုးလို့ တွန်းလိုက်တာလား၊ လာရိုက်တဲ့သူတွေကတော့ တွန်းလိုက်တာလားဆိုတာကိုတော့ မသိလိုက်ဖူးလို့ မေဖူမောင်က 8Days ကိုပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာ အောင်ရဲထွေးကို ၃၊၄ ယောက်လောက် ၀ိုင်းရိုက်ကြပြီး မေဖူးမောင်က “လူမှားတာပါ၊ ရန်ငြိုးရှိတဲ့သူ မဟုတ်ပါဘူး”လို့ အော်တဲ့အချိန်မှာ လုံခြုံရေးတွေ ရောက်လာကြတာဖြစ်တယ်လို့ မေဖူးမောင်က ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။ ဆေးရုံသွားတဲ့လမ်းမှာတော့ သွေးတွေအန်နေပြီလို့ မေဖူးမောင်က ဆက်ပြီးတော့ ပြောပြခဲ့ပါတယ်။

“သူနဲ့ တွဲလာတဲ့ နှစ်နှစ်မှာ သူ့ကို မုန်းတာမျိုး၊ ရန်ဖြစ်တာမျိုးလည်း မတွေ့ဖူးဘူး။ အရမ်းလည်းအေးတဲ့လူ၊ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ယောကျာ်းတစ်ယောက်ပါ။ မိန်းမကိစ္စရှုပ်တာလည်းမရှိဘူး။ မိဘကို လုပ်ကျွေးနေတဲ့ သားကောင်းတစ်ယောက်ပါ။ ပရိသတ်တွေအပေါ်ရော၊ သူငယ်ချင်းတွေ အပေါ်ရောကောင်းတဲ့သူ တစ်ယောက်ပါ”လို့ 8Days ကို ပြောပြခဲ့ပါတယ်။

Source: 8Days