ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ မေပန်းချီကတော့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေအပြင် သူမရဲ့ နေ့စဉ်ဘဝအကြောင်းအရာတွေကိုလည်း မျှဝေပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

မေပန်းချီကတော့ ဒီကနေ့မှာလည်း သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အမြန်လမ်းပေါ်မှာ ခရီးသွားရင်းနဲ့ ထိတ်လန့်ဖွယ် အဖြစ်အပျက်တစ်ခုနဲ့ ကြုံခဲ့တဲ့အကြောင်းကို ပြောပြထားပါသေးတယ်။ မေပန်းချီကတော့ “တစ်ညလုံးအမြန်ပေါ်ကိုယ်ကကားမောင်း၂:၄၅လောက် အရှေ့ကစော်လေး ဆိုင်ကယ်နောက်က လိုက်စီးလာတာမျက်နှာလိုက်ရှာတာ မျက်နှာမပါဘူ😱ပတ်ပတ်လည်ဆံပင်တွေပဲရှိတယ်မယုံရင်ပုံပြင်မှတ်ကြုံဖူးမှသိမယ်” လို့ရေးထားတာဖြစ်ပါတယ်။

မေပန်းချီကတော့ ဒီအဖြစ်အပျက်ကို မိုင်တိုင် ၃၂၀ ကျော်လောက်မှာ တွေ့ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြထားပါတယ်။ ထိတ်လန့်ဖွယ် အဖြစ်ကို မျက်မြင်ကြုံခဲ့တဲ့ မေပန်းချီကတော့ မယုံရင် ပုံပြင်မှတ်ပါလို့တောင်ရေးထားပါသေးတယ်။

Source: May Panchi