နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မေဦးနဲ့ ဟန်လင်းတို့ အတွဲကတော့  ပရိသတ်တွေ အမြဲအားကျပြီး သိပ်ချစ်ရတဲ့ အတွဲတစ်တွဲပါ။ သူတို့ နှစ်ဦးကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ HanOo Couple လို့လည်း ခေါ်ကြပါတယ်။ သူတို့ နှစ်ယောက်ကို ကြည့်ရင်တော့ တကယ့်အချစ်စစ်ရဲ့အဓိပ္ပါယ်ကို ကောင်းကောင်းကြီး သဘောပေါက်သွားမှာပါ။

အမြဲတစ်ယောက်နဲ့ တစ်ယောက် ဂရုတစိုက်နဲ့ ဖေးဖေးမမရှိကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ဇန်နဝါရီလ (၁၃)ရက်နေ့ကလည်း သူတို့စုံတွဲရဲ့ ကြည်နူးစရာကောင်းတဲ့ ဓါတ်ပုံလေးတွေကို ဟန်လင်းက သူရဲ့ ဖေစ်ဘုတ်မှာ တင်ပြီး “နေဝင် ⛅️… နေထွက် …?နေ့ရက်တွေ တစ်ရက်ပြီး တစ်ရက် ပြောင်းလဲသွားပေမယ့် … ?ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်တွေ ဘယ်တော့မှ… မပြောင်းလဲကြေးနော် May Oo”လို့ ရေးထားပါတယ်။

HanOo Couple ကတော့ တကယ့်ကို ချစ်စရာကောင်းတဲ့ စုံတွဲလေးတစ်တွဲပါ။

Source: Hanlin